ရှောင်ကျန့်ဆိုတာအရမ်းချမ်းသာတဲ့မိသားစုကအလိုလိုက်ခံလူတန်းစားလေး
ညီအစ်ကိုနှစ်ယောက်ထဲရှိတဲ့ရှောင်းအိမ်တော်မှာ
အငယ်ဖြစ်တဲ့ရှောင်ကျန့်က ပါးပါးနဲ့မားမားရဲ့အချစ်တော်လေးအပြင်အစ်ကိုဖြစ်သူ ရှောင်းမင်ရဲ့အလိုလိုက်ခံလေး
ငယ်ငယ်ထဲကတစ်မိသားစုလုံးရဲ့အချစ်ခံအလိုလိုက်ခံမလို့ လိုတရနေတဲ့ရှောင်ကျန့်က
တော်တော်လေးမာနကြီးပီးဆိုးချင်တယ်
သူလိုချင်ပီဆိုချက်ချင်းရမှ ရုပ်လေးကလဲထိရက်စရာမရှိအောင်လှတာမလို့ ပြောရမယ်ဆိုသူ့ရဲ့ရုပ်ရည်ပေါ်မှာ မာန်တက်နေတဲ့လူမျိုးထဲမှာပါတယ် ဘယ်ယောကျာ်းဘယ်မိန်းမကိုမှစိတ်မဝင်စား ခပ်ချေချေနေတဲ့လူမျိုးပေါ့ရှောင်ကျန့်ပထမနှစ်တက္ကသိုလ်စတက်တဲ့နှစ်မှာတင် ရှောင်ကျန့်ကကျောင်းမှာအာရုံစိုက်ခံနေရပီ
သိပ်တော့မထူးဆန်းပါဘူးဒါကသူ့အတွက်တော့ကြုံနေကျ ဖြစ်စဥ်တစ်ခုပါပဲ
ကျောင်းစတက်ပီး ဒုတိယနေ့မှာတင် မိန်းကလေးတစ်ယောက်ရဲ့ ဖွင့်ပြောချင်းကိုခံရတယ်
"ကျန့်ကျန့် အဲ့လိုပဲခေါ်မယ်နော်""အရမ်းမြန်နေမယ်ဆိုတာသိပါတယ် ဒါပေမယ့်ရှင့်ကိုကျမ တကယ်သဘောကျတာမို့ ဒါလေးကိုလက်ခံပေးပါနော်"
ကြောက်ရွံနေတဲ့ပုံစံနဲ့မိန်းကလေးကအရဲစွန့်ပီးဖွင့်ပြောပုံရတယ် သူ့လက်ထဲကပန်းလေးကိုလဲအတင်းထိုးပေးရှာတယ်
ရှောင်ကျန့်ကတစ်ချက်ပြုံးလိုက်မိတယ်
မြင်ရသူအဖို့အရမ်းဆွဲဆောင်မှုရှိပေမယ့်
ကောင်းသောပြုံးချင်းမျိုးတော့မဟုတ်ခဲ့ဘူးပန်းပေးနေတဲ့မိန်းကလေးကလဲရှောင်ကျန့်ရဲ့ အပြုံးကြောင့် အားတက်သွားပုံရတယ်
ဖြူစင်တဲ့မျက်လုံးလေးတွေကလက်ခနဲပဲ
ရှောင်ကျန့်နှုတ်ကစကားကိုမကြားခင်ထိပေါ့"ငါမင်းလိုမိန်းကလေးမျိုးကိုမသုံးဘူး"
လေသံအေးအေးလေးတစ်ခွန်းထဲပါပဲ
မင်းလိုမိန်းကလေးမျိုးကိုမသုံးဘူးတဲ့
ဒီစကားက ဘယ်လောက်ထိတစ်ဖက်သားကိုထိခိုက်လဲဆိုတာ ပြောခံရသူနဲ့ နားလည်တဲ့သူတွေဆို နောက်နေ့ဒီမိန်းကလေးကျောင်းလာရဲရင် တော်ရုံအရှက်နဲ့မဟုတ်ဘူးဆိုတာ သိနိုင်တယ်

YOU ARE READING
𝙈𝙞𝙨𝙜𝙪𝙞𝙙𝙚𝙙 𝙡𝙤𝙫𝙚( မောင့်ဆိုင်သူ )
Fanfiction"ဘယ်နေရာလွှဲမှားသွားမှန်းမသိပေမယ့် ငါတို့တွေ့ခဲ့တဲ့အချိန်တွေစောလွန်းတယ်မောင်" BJYXSZD