ရိပေါ် ဒီညနေတော့ ရုံးဆင်းရင်အိမ်ပြန်ဖို့တွေးထားမိတယ် သည်းငယ်လဲ နေ့စေ့လစေ့ ကြီးနဲ့ သူ့ကိုယ်လိုအပ်နေမှာသည်းငယ်လို ယောကျာ်းလေးတစ်ယောက်က သူနဲ့မျိုးတူ ရိပေါ်ရဲ့သွေးသားကို လွယ်ပေးထားတာနဲ့တင် အရမ်းကို ကျေးဇူးတင်စရာကောင်းနေပီ
သည်းငယ်အတွက် လိုအပ်တာလေးတွေနဲ့ ရေခဲသေတ္တာထဲ ဖြည့်ဖို့အတွက် အသားနဲ့ အရွက်တချို့ဝယ်ရမယ် မနက်က သည်းငယ်အတွက် ခေါက်ဆွဲပြင်ပေးခဲ့တာမို့ ဘာတွေလိုအပ်နေပီလဲ ဆိုတာ သူမှတ်ထားခဲ့လိုက်တာ
.
.
.ရှောင်ကျန့်က ဒီနေ့လဲ ပြန်လာမှာမသေချာတဲ့ရိပေါ်ကို အိမ်ရှေ့ထွက်ပီး စောင့်တယ် မောင့်ကို မျှော်ရတာ အကျင့်တောင်ဖြစ်နေပီ ရှောင်ကျန့်တို့နေတဲ့ ရပ်ကွက်လေးက အေးချမ်းတာမို့ ညနေစောင်းနေလဲ
တခြား လမ်းမတွေပေါ်မှာလို ကလေးတွေ ပြေးပီးဆော့နေတာကို မတွေ့ရ ရှောင်ကျန့်နဲ့ ရိပေါ်ကို
လက်ထပ်ခါစ ကဆို ရိပေါ်ခေါ်သွားလို့ ရှောင်ကျန့်ရောက်ဖူးတယ် ရိပေါ်မားမားရဲ့ အစ်မအိမ်တဲ့
တကယ့်ကို မယုံနိုင်စရာပါပဲ အရမ်းချမ်းသားတဲ့ ရိပေါ်တို့မှာလဲ သာမာန်လူတန်းစား ဆွေမျိုးရှိနေတယ်ဆိုတာ ရိပေါ်ရဲ့ အဒေါ်က အရမ်းဖော်ရွှေတယ် ရှောင်ကျန့်ကိုလဲ ချစ်တယ်ရိပေါ်ရဲ့ မားမားအကြောင်းတွေ ပြောပြတာမှအများကြီး ရိပေါ်မားမားက အရမ်းလှကြောင်း သိုသိုသိပ်သိပ်နဲ့ နေတက်ကြောင်း ကအစငယ်ငယ်တုန်းက
ကျောင်းမှာစာအရမ်းတော်ကြောင်းပါ ပါတယ်
ရိပေါ်ရဲ့ မားကစာရေးဆရာမတဲ့ အရမ်းလဲ တော်တာဆိုပဲ ဒါပေမယ့် ရိပေါ်ပါးပါးနဲ့ အကြောင်းပါပီးလက်ထပ်ယူလိုက်ရတော့ သူ့ဝါသနာကို စွန့်လွှတ်ခဲ့ရတယ်တဲ့
ရှောင်ကျန့်သိတယ် မောင့်ရဲ့ အဒေါ် ကသူ့ညီမကို အရမ်းချစ်တယ်ဆိုတာစကားပြောရင်းမျက်လုံးတွေကတစ်ဆင့်ခံစားမိတယ် မောင့်ပါးပါး အကြောင်းပြောတော့သိသိသာသာ ညှိုးကျသွားတဲ့ မျက်ဝန်းတွေ ရှောင်ကျန့်အဲ့တုန်းက တွေးမိသေးတယ် မောင်ရောသူရော ပညာမစုံသေးခင် ကိုယ့်ခြေထောက်ပေါ် ကိုယ်မရပ်တည်နိုင်သေးခင် အခုလိုတစ်အိုးတစ်အိမ်ထူထောင်လိုက်တာက စောလွန်းသလားလို့ နောင်တရလို့မဟုတ်ပေမယ့် မောင်ပင်ပန်းနေတာကို သူမကြည့်ရက်ဘူး
![](https://img.wattpad.com/cover/333670025-288-k118324.jpg)
YOU ARE READING
𝙈𝙞𝙨𝙜𝙪𝙞𝙙𝙚𝙙 𝙡𝙤𝙫𝙚( မောင့်ဆိုင်သူ )
Fanfiction"ဘယ်နေရာလွှဲမှားသွားမှန်းမသိပေမယ့် ငါတို့တွေ့ခဲ့တဲ့အချိန်တွေစောလွန်းတယ်မောင်" BJYXSZD