"ကြည့်လှချည်လား"
"ဟက်ကိုယ့်နာမည်ဝမ်ရိပေါ်"
ဆေးလိပ်ငွေ့ကိုရှောင်ကျန့်မျက်နှာနားမှုတ်ထုတ်ပီးသူ့ကိုယ်သူမိတ်ဆက်တဲ့လူက ဆွဲဆောင်မှုရှိတယ်ဆိုတာ ရှောင်ကျန့်လက်မခံချင်လို့မရ
တဆိတ်ဒီလူ သူ့ကိုယ်သူဝမ်ရိပေါ်လို့ ပြောလိုက်တာလား ဒါဆို ရှေ့ကလူတွေ
ကျောင်းကလူတွေပြောနေတဲ့ တစ်ခါကြည့်မိတာနဲ့စွဲလမ်းသွားမယ်ဆိုတဲ့သူပေါ့လေဒါပေမယ့်ရှောင်ကျန့်ဆိုတာခေသူမှမဟုတ်ဘဲ
မျက်ခုံးတစ်ချက်ပင့်ကာသာမာန်ပါဆိုတဲ့ပုံမျိုးနဲ့
ဝမ်ရိပေါ်ကိုတုန့်ပြန်လိုက်တာပါပဲ
ရှောင်ကျန့်ပုံစံကြောင့် ဝမ်ရိပေါ်ကသဘောကျသလို ခပ်သော့သော့လေးပြုံးတယ်ရှောင်ကျန့်တွေးလိုက်မိတယ်ဝမ်ရိပေါ်က ပြုံးနေရင်တကယ်ကြည့်ကောင်းတာပဲ
"မင်းကရှောင်ကျန့်မလား"
"သိနေတာလား"
"အင်း ကိုဒီကျောင်းကိုစရောက်ထဲက မင်းသတင်းကမွှေးနေတာကွာ မသိပဲနေပါ့မလား"
ရိပေါ်အကြောင်းကလဲဟိုးလေးတကြော်ကြော်ပါလို့ ရှောင်ကျန့်စိတ်ထဲကပြောလိုက်မိတယ်
အပြင်မှာတော့ထုတ်မပြောဖြစ် သူ့imageထိခိုက်နိုင်တယ်လေ"ရှောင်ကျန့် ကိုတို့ သူငယ်ချင်းလုပ်ကြမလား"
ရှောင်ကျန့်ကရိပေါ်တစ်ကိုယ်လုံးကိုခြုံကြည့်ပီးပြောလိုက်တယ်
"အဟင်း ကျွန်တော်အပေါင်းအသင်းထဲမှာရိပေါ်လိုလူမျိုးမရှိဘူး "
ဝမ်ရိပေါ်အံ့သြ သွားတာအမှန် သူ့လိုလူကိုလေ
ရှောင်ကျန့်က ဒီလိုပြုမူရဲတယ် တကယ့်မာနခဲပါလား ဘာတဲ့ ကျွန်တော်အပေါင်းအသင်းထဲမှာရိပေါ်လိုလူမျိုးမရှိဘူးတဲ့ ဒါဘာစကားတုန်း
ရိပေါ်သတိထားမိသွားတာက ဟုတ်သားအခုသူ့ပုံစံက ဘယ်လောက်ပဲ သူဌေးသားဆို"
လက်ကြားထဲ စီးကရက်ညှပ်ပီး ဆံပင်အပြာရောင်ကလဲဆိုးထားသေးတယ် နားမှာလဲ တွဲလောင်းတွေနဲ့ဆိုတော့ ရှောင်ကျန့်အခုလိုပြောတာလဲ သိပ်မထူးဆန်းပါဘူးလို့ တွေးလိုက်မိတယ်"ဟက်ဒါဆို ကိုကမင်းရဲ့တစ်ဦးတည်းသောထူးခြားတဲ့သူငယ်ချင်းလေးဖြစ်လာမှာပေါ့"

YOU ARE READING
𝙈𝙞𝙨𝙜𝙪𝙞𝙙𝙚𝙙 𝙡𝙤𝙫𝙚( မောင့်ဆိုင်သူ )
أدب الهواة"ဘယ်နေရာလွှဲမှားသွားမှန်းမသိပေမယ့် ငါတို့တွေ့ခဲ့တဲ့အချိန်တွေစောလွန်းတယ်မောင်" BJYXSZD