အခက်အခဲတွေရှိခဲ့ပေမယ့်လဲ နှစ်ယောက်အတူနေလာတာနဲ့အမျှ အရာရာကနေသားတကျဖြစ်နေပီ ရိပေါ်ကတော့ သူငယ်ချင်းနဲ့စပ်တူဆိုတဲ့အလုပ်ကိုလုပ်နေတယ် ဘယ်လိုအလုပ်လဲတော့
ရှောင်ကျန့်လဲ သေချာမသိ ရှောင်ကျန့်က ကူညီချင်ပါတယ် ပြောတိုင်း
ရိပေါ်က စိတ်ဆိုးတက်တယ် အလုပ်မှန်သမျှကို
သူပဲလုပ်မှာမလို့ ရှောင်ကျန့်ကတော့ သူ့ကိုပိုချစ်ပေးဖို့နဲ့ ကိုယ့်ကိုယ်ကို သာဂရုစိုက်ပါတဲ့ရှောင်ကျန့်အခုဆို ကျောင်းပြန်တက်ရတော့မယ်
ရိပေါ်က အကုန်လုံးကိုစီစဥ်ပီးသား"သည်းငယ်လေး မနိုးသေးဘူးလားကွာ"
"မောင် တောင်အလုပ်သွားရတော့မယ်"
"မှန်းးးးဗျာကိုယ်တွေဘာတွေများပူနေသလား
မောင့်အချစ်က"ကြင်စဦးထဲကရိပေါ်မနိုးခင်မနက်စာထပြင်ဆင်ပီး ရိပေါ်ရဲ့ဝေယာဝစ္စကို လုပ်ပေးတက်တဲ့ရှောင်ကျန့်က ဒီနေ့မှအထူးအဆန်းမနိုးသေးတာမို့
ရိပေါ်က နေမကောင်းဘူးထင်မိချင်း
ရိပေါ်ကသူနဲ့ပတ်သတ်တဲ့ဝေယာဝစ္စကို မလုပ်ခိုင်းပေမယ့် ရှောင်ကျန့်ကတော့မောင်က
အိမ်ထောင်ဦးစီးတာဝန် ယူထားတာမို့ သူကတော့
အိမ်ထောင့်တာဝန် အိမ်မှုကိစ္စနဲ့ မောင့်ကိစ္စတွေကိုတော့ လုပ်ပါရစေဆိုပီး အတင်းတောင်းဆိုတာကြောင့် ရိပေါ်က ခွင့်ပြုလိုက်ရချင်း"သည်းငယ်လေး ကိုယ်လဲမပူပါဘူးကွာ"
"ဗိုက်များအောင့်လို့လား"
"မဟုတ်ပါဘူး မောင်ရဲ့သည်းငယ် အိပ်ပျော်သွားလို့ပါ"
"တောင်းပန်တယ်နော် မောင် သည်းငယ်ကြောင့်
မောင် မနက်စာလွှတ်ရပီ စိတ်လဲပူပန်ရပီ""မဟုတ်တာအချစ်ရာ မောင်ကဘာမှမဖြစ်ဘူး
မောင်ကသာ သည်းငယ်လေးကို တောင်းပန်ရမှာ""မောင့်အချစ်အနားမှာ မောင်ကရှိမနေနိုင်ဘူးလေ မောင်ကအချိန်တိုင်းသည်းငယ်လေးနားမှာပဲ ရှိနေချင်တာ"
"မောင်နော် "
"အလုပ်သွားတော့သွား နောက်ကျမယ်"
"သည်းငယ်ကနှင်တာလား"
"မဟုတ်ပါဘူး မောင်ရဲ့ သည်းငယ်က"

YOU ARE READING
𝙈𝙞𝙨𝙜𝙪𝙞𝙙𝙚𝙙 𝙡𝙤𝙫𝙚( မောင့်ဆိုင်သူ )
Fanfic"ဘယ်နေရာလွှဲမှားသွားမှန်းမသိပေမယ့် ငါတို့တွေ့ခဲ့တဲ့အချိန်တွေစောလွန်းတယ်မောင်" BJYXSZD