part 9

234 10 2
                                    

ရှောင်ကျန့် ကိုယ်ဝန်ရှိမှန်းသိရကတည်းက
ဝမ်ရိပေါ် ဆိုသည်မှာအတော်လေး အဖြစ်သည်းပါတယ် ရှောင်ကျန့်ကတောင် ကိုယ်ဝန်ကလနုသေးတာမို့ အဲ့လောက်ထိ အဖြစ်သည်းစရာမလိုကြောင်း ပြန်ပြောရတဲ့ထိ ဝမ်ရိပေါ်က အတော်လေး ဆိုးပါတယ်
ထမင်းစားတာအဆုံး အိမ်သာသွားတာအထိ
ဝမ်ရိပေါ်ကပဲ ရှောင်းကျန့်ကိစ္စ အဝဝ
ကို အားလုံးစီမံတယ်
ကြာတော့ ရှောင်ကျန့်ကမနေတက် အနေအထိုင်ကျဥ်းကျပ်တာထက်
သူ့အနေနဲ့ ဝမ်ရိပေါ်ကို အားနာနေခြင်း
ရိပေါ်က အလုပ်လဲ လုပ်ရတယ်
အိမ်ကသူ့ကိစ္စတွေကို လဲ ဝင်ပါရတယ်
တကယ်ဆို ရိပေါ်က သူဌေးသား သခင်လေးအဖြစ်နဲ့ပဲ ပေါ့ပေါ့ပါးပါး နေရမယ့်လူမျိုး
ရှောင်ကျန့်အနေ နဲ့ ရိပေါ်နဲ့ အခုလို
နှစ်ယောက်တစ်ဘဝတည်ဆောက်ရတာကို
အမှားလို့မမြင်ပေမယ့်
တစ်ခါတစ်လေတော့လဲ တွေးမိတယ်
သူတို့ဆုံးဖြတ်ချက်တွေများ လောခဲ့သလားလို့
အခုလို တွေးမိတယ်ဆိုတာလဲ ရိပေါ်ပင်ပန်းတာကို မမြင်ရက်တာကြောင့်
သူရိပေါ် ကို တကယ်အားနာရပါတယ်

သူ့စိတ်ထဲရှိတာတွေသူ့အတွေးတွေကို ရိပေါ်ကို ပြောပြမိတိုင်း ရိပေါ်က စိတ်ဆိုးတက်တယ်
အဲ့အချိန် ရိပေါ်ပြန်ပြောတဲ့စကားက

"မောင့် နောက်လိုက်ခဲ့ရတာ ပင်ပန်းနေပီလား
သည်းငယ် ကမောင့်ကိုမချစ်ဘူးလားဟင်"

"သည်းငယ်စိတ်ထဲ အဲ့လိုတွေးတိုင်း သည်းငယ်လေးရဲ့နှုတ်ဖျားက အဲ့လိုစကားတွေထွက်တိုင်း
မောင်အားငယ်ရတယ်အချစ်ရဲ့ "

"မောင်လုံးဝ မပင်ပန်းဘူးကွာ သည်းငယ်နဲ့ မောင်မျိုးဆက်လေးအတွက် မောငိလုပ်ပေးတာမို့
အရမ်းမြတ်နိုးရတာ မောင့်ကိုချစ်ရင်
အဲ့လိုတွေ မတွေးရဘူးနော် " တဲ့လေ

ရိပေါ်က အဲ့လိုလူမျိုး ရှောင်ကျန့်အပေါ်မှာအရမ်းချစ်တက်တာ

ရိပေါ်ဆီကာ အဲ့လိုစကားသံတွေကြားရတိုင်း
ရှောင်းကျန့်မှာလဲ ဝမ်းနည်းဝမ်းသာ ဖြစ်ရတာချည်း

"သည်းငယ်​လေး ရေချိုးပီးရင် လှမ်းခေါ်နော် မောင်လာပွေ့မယ်"

"ရပါတယ် မောင်ရဲ့!"

အဖြစ်သည်းနေတဲ့ရိပေါ်က သူ့အသည်းအသက်လေး ရေချိုးတာကို အပြင်ကစောင့်နေချင်း

ရိပေါ်ကရေချိုးပေးမယ်ဆိုတာ ကိုရှောင်ကျန့်က လက်မခံတာကြောင့် သူ့မှာစောင့်နေရတာ
မတော် ချော်လဲမှဖြင့်မတွေးရဲစရာ
ဒီနေ့အတွက်အစီအစဉ်ကတော့
ရှောင်ကျန့်ရဲ့ ဗိုက်လေးက အချိန်တွေပြောင်းလဲ လာတာနဲ့အမျှ ငါးလခန့်ပင်ရှိနေပီ
ဗိုက်ထဲ ကအကောင်ပေါက်လေးက ထွားသည်ထင်
ဗိုက်လေးက လုံးတစ်ပီး အပြင်ကိုစူထွက်နေရော

အဲ့တာကြောင့်ဗိုက်ထဲ အကောင်ပေါက်လေးက
ဘာလေးမှန်းသိရအောင် သွားကြည့်ရန် ပြင်ဆင်နေကြခြင်း
ရှောင်ကျန့်ကတော့ တကယ်သိချင်နေပါပီ
ဘာလေးဖြစ်မယ်မှန်း

ရိပေါ်ကတော့ တထစ်ချကိုပြောနေတော့တာ
သားလေးဆိုပဲ ရှောင်ကျန့်လဲ ရိပေါ်လိုချင်တဲ့သားလေး ဖြစ်စေချင်တယ်
သွားကြည့်လို့မှ သားလေးမဟုတ်ခဲ့ရင် ဆိုတဲ့ အတွေးကလဲ သူ့ကိုစိတ်ဒုက္ခဖြစ်စေတယ်

ရိပေါ်ရဲ့ ဆန္ဒကိုသူဖြည့်ဆည်းပေးချင်တယ်
ရိပေါ်ကတော့ သူ့အတွေးကို သိနေတဲ့အလား

"ဘာလေးမွေးမွေး မောင်ကတော့ချစ်မှာပဲ"

"ဒါပေမယ့်လေ မောင်ကသိနေတယ် "

"သားလေးမွေးမှာ အချစ်ရဲ့ "

"မောင်ကဘယ်လိုသိနေတာလဲ အတိအကျ"

"သည်းငယ်က ကွာမောင်ပြောဖူးတယ်လေ မောင်က သူလေးအထဲ...."

"တော် တော် စကားကိုရပ်တော့ "

"ဘာလို့လဲ အချစ်ရဲ့ "

"ဟားးးဟားး"

"တော်ကွာ မရီနဲ့ သည်းငယ်လဲ ပြင်ဆင်လို့ပီးနေပီ
သွားကြမယ် လာ"

"ဟုတ်ပီ ဗျာ သွားကြစို့"

"အမလေးးးး".

"မောင့် ဘာလုပ်တာတုန်းးး"

"ကိုယ့်အိမ်သားလေးကိုယ်ချီခေါ်တာလေကွာ"

"ငါလမ်းလျှောက်နိုင်ပါတယ် မောင်ရယ်"

"မရပါဘူးကွာ မောင်ချီချင်လို့"

"ချစ်တယ်မောင် "

"မောင်ကလဲ ချစ်ပါ့ဗျာ "

-------------------------------------------------------------

18.2.23

တန်းလန်းလေးထားခဲ့ပါရစေနော်
စာဆက်ရေးလို့အဆင်မပြေတာမို့ပါ
မနက်ဖြန်မှ ရှည်"လေးupပေးမယ်နော်🤍

𝙈𝙞𝙨𝙜𝙪𝙞𝙙𝙚𝙙 𝙡𝙤𝙫𝙚( မောင့်ဆိုင်သူ )Where stories live. Discover now