"ကျွန်တော်သူ့ကိုလက်ထပ်ချင်တယ်"
"ဘာကွ!!!'
ညနေစောင်းလောက္အချိန်က မှောင်ရိပ်ဘက်ကိုနဲနဲသန်းချင်နေသည်။မိုးတွေတိတ်သွားပေမယ့် မိုးသားရိပ်တို့က မကုန်ဆုံးသေးပေ။
တံစက္မြိတ်က မိုးရေကျသံတစ်တောက်တောက်က စကားပြောသံထက် တစ်ချက်ချက်ပိုကျယ်နေသယောင်လေအေးတချို့က မချော့မြူရပဲ ကူးလူးတိုက်ခတ်နေတာကြောင့် ရွက်စိမ်း ခွန့် နောက်ပါးယံဆီ ကပ်လိုက္မိသည်။၀တ်ထားသည့်ဂါ၀န်တိုပေါ်မှာ ခွန့်ရဲ့ ဟူဒီကြီးက လက်ထိပ်ဖျားလေးတွေထိရှည်လျားအုပ်မိုးလျက်
"သစ်ရွက်စိမ်း!!!!!'
မေးကြောတွေထောင်ထသည့်အထိ
ဦးသိန်းဝေ ခပ်ကြိတ်ကြိတ်ခေါ်လိုက်သည်။"ညည်း ဒီကိုလာစမ်း"
ဒါကိုပဲ ခွန်က ရွက်စိမ်းရှေ့ကနေ ပိတ်ရပ်ကာ
"သဘောတူပေးပါ"
"မင်းပါးစပ်ပိတ်ထား သူကျောင်းသူပဲရှိသေးတယ်"
"မှားခဲ့ပြီးပြီ.....'
"မပြောနဲ့"
"မပြောလို့မရဘူး ကျွန်တော်တာ၀န်ယူမယ်"
"ခွန်!!!!!!'
"ရွက်စိမ်း ညည်းအိမ်ပေါ်ချက်ချင်းတက်"
"ဟင့်အင်း လေးလေး ရွက်စိမ်းကြောက်တယ်"
"ညည်း!!!'
"မာလာ သူ့ကိုဆုံးမမယ် ရှင်အထဲ၀င်"
ဘေးအိမ်တွေကပါကဲ့ကြည့်နေတာကြောင့်
မာလာက အခြေနေတွေကို လိုရာဆွဲသိမ်းရန်ကြံရွယ်စဉ်"သူ့အသားကို တစ်ချက်ထိဖို့မကြိုးစားပါနဲ့
အပြင်မှာလက္မှတ်ထိုးလို့ရရဲ့သားနဲ့ ဒီထိ လာပြောတာ နဲနဲသဘောပေါက်သင့်တယ်""အဟွန်း မင်းလို အူတူတူကောင်က
မှားနေတုန်းက အရင်တောင်းယူရမှန်း မစဉ်းစားမိဘူးလား"ပြောချလိုက်တာများ ကိုယ့်တူမ မျက်နှာတောင်မထောက်
"အန်တီ!!!'
"ညည်းငါ့ကိုလာမခေါ်နဲ့ နင်တို့လုပ်တဲ့ပုံစံကြည့်စမ်း အခု ကျွန်တော်တို့ ကျွန်မတို့ အတူနေပြီးပြီ အရှက်္မကွဲချင် လက်ထပ်ပေး လို့ ပြောနေတာ ၊လာပြီး အကျပ်ကိုင်နေတာ အဲ့တာ ညည်းတန်ဖိုးမရှိလို့ ညည်း လော်မာလို့"
YOU ARE READING
ခါးသက်ပြင်းရှတဲ့ဝိုင်တစ်ခွက် ယစ်မူးစေသောသိုးငယ် မူးမိုက္မိသောသားရဲ
Romanceကိုယ်ရိုးသားပါတယ်လို့ထင်ခဲ့ရတဲ့ ခပ်တုံးတုံးယောကျာ်းတစ်ယောက်ဟာ လက်ထပ်တဲ့နေ့မှာထားခဲ့မယ်လို့ဘယ်သူကထင်မှာလည်း၊ နာကျည်းစွာမုန်းတီးရင်းဘ၀ကိုပြန်လည်ရပ်တည်ကာမှ သူမ ရှေ့မှာ နောက်တစ်ဖန်မတူညီသောဘ၀ဖြင့် ပြန်လည်ပေါ်ထွက်လာသော်အခါ ဘာတွေဆက်ဖြစ်လာမှာလည်း......... ခ...