"၀င်လို့မရဘူးခများဘယ်လိုလူ!!!!"
"စောက်ပေါက်ပိတ်ပြီး အဲ့ဖုန်းငါ့ကိုပေး"
ဂိတ်စောင့်ဖြစ်တဲ့ထင်ကျော်တစ်ယောက် ဩရှလှတဲ့အမိန့်သံအဆုံးမှာ
သတိကပ်သလို လူကဖြစ်သွားရသည်။ဝေါကီတော်ကီဖုန်းလေးကို တုန်တုန်ယင်ယင်ပေးလိုက်ရတာတောင်တံတွေးကို ခိုးတောင်မြိုမချရဲနဖူးထပ်ထိကပ်နေတဲ့သေနတ်ပြောင်း၀ဟာ
တားဆီးမယ့်စကားမှန်သမျှ ကို ပြန်လည်မျိုချစေခဲ့သည်။မျက်ခုံးစပ်ကဒဏ်ရာကြီးနဲ့
နီစပ်နေသောမျက်နှာဟာ ဘာမဆို သနားစိတ်ကင်းမဲ့စွာလုပ်ပစ်လိုက္မည့် ပုံမျိုးဖိနပ်ကလည်း အိမ်စီးကွင်းထိုးဖိနပ်
အထူးခြားဆုံးက တာဝါတစ်ထည်သာ ခါးမှာပတ်ထားပြီး လောင်းကုတ်ရှည်ကြီး ၀တ်ထားတာပင်
မသိရင် အိမ်ပေါ်အိမ်အောက်ဆင်းလာသလိုမျိုးဘာမှထွေထူး၀တ်စားထားဟန်မပြ
ကားအနက်ကြီးတစ်စီးသာတွေ့ရပြီး ကြောက်ရွံ့သည့်ဟန်တစ်ခုမှတောင်ရှိမနေခဲ့"ခွမ်း!!!!'
ဖိခြေနင်းပစ်ခံလိုက်ရတဲ့ဝေါကီတော်ကီလေးဟာ တစ်ခုမှအကောင်းတိုင်းရှိမနေတော့
"မင်းဆရာလာရင် ပြောလိုက် အိမ်ထဲက ငါးစာကို ငါးကလာစားသွားပြီလို့"
"ဟုတ် ဟုတ်...."
အိမ်ထဲ၀င်ချသွားတာနည်းနည်းလေးတောင်နောက်လှည့်မကြည့်
အိမ်ပေါက်၀ငနဲသားနှစ်ကောင်ကရှော့ရိုက်သည့် ဟာတွေနဲ့ရှေ့ကိုတိုး၀င်လာတော့
ခြေထောက်တွေဆီ သေနတ်ဖြင့်ပစ်ခတ်လိုက်သည်။
အသံတိတ်သေနတ်မို့ လူအော်သံသာအတိုင်းသားထွက်လာတော့ ထိုနှစ်ကောင်အနားမှာ မုဆိုးဒူးထောက်ထိုင်ချရင်း"အသံထပ်ထွက်ကြည့် တစ်ခါတည်းပစ်သတ်လိုက်္မယ်"
ပါးစပ်ပိတ်လူးလိမ့်နေသည့်ထိုနှစ်ယောက်၏ဖုန်းတွေအား ထုတ်ယူဖျက်ဆီးပြီးတဲ့နောက် အရက်ပုလင်းကို မော့ယူသောက်ကာ ဖိနင်းဖျက်ဆီးလိုက်သည်။
အိမ်ထဲကို၀င်ရင်းတွေ့သမျှ လူအားပစ်ခတ်ပြီး လျို့ဝှက်ကင်မရာထားရာနေရာထိရောက်ရှိလာခဲ့သည်။
YOU ARE READING
ခါးသက်ပြင်းရှတဲ့ဝိုင်တစ်ခွက် ယစ်မူးစေသောသိုးငယ် မူးမိုက္မိသောသားရဲ
Romanceကိုယ်ရိုးသားပါတယ်လို့ထင်ခဲ့ရတဲ့ ခပ်တုံးတုံးယောကျာ်းတစ်ယောက်ဟာ လက်ထပ်တဲ့နေ့မှာထားခဲ့မယ်လို့ဘယ်သူကထင်မှာလည်း၊ နာကျည်းစွာမုန်းတီးရင်းဘ၀ကိုပြန်လည်ရပ်တည်ကာမှ သူမ ရှေ့မှာ နောက်တစ်ဖန်မတူညီသောဘ၀ဖြင့် ပြန်လည်ပေါ်ထွက်လာသော်အခါ ဘာတွေဆက်ဖြစ်လာမှာလည်း......... ခ...