"နင်တို့သိလားတော့မသိ အခုမော်ဒယ်ကတော်တော်ချောတာနော် ငါညကသူ့အခန်းထဲကအော်သံကြားလို့သွားကြည့်တာ"
"ဘာတွေ့လည်း ဘာတွေ့လည်း????"
"ချွေးတွေနဲ့ ကောင်းကောင်းမအိပ်ရသေးတဲ့ဟန် "
"အဟိ တော်တော်အခြေနေကောင်းနေတာပေါ့"
"မဟုတ်ဘူးဟ မသိရင် အပြင်းထန်ပဲဆက်ဆံကြသလိုလို ဒါမှမဟုတ် ခြိမ်းခြောက်ခံထားရသလိုပဲမျက်နှာက"
"ဟိုဘဲက တကယ့် အာရှစင်နော် ငါလောင်းရဲတယ် အဲ့မော်ဒယ်သတင်းသမားသိမှာစိုးလို့လန့်တာဖြစ်မှာပေါ့ ဒီလိုအဆင်မျိုးနဲ့ ဒီလိုအလှလေးက အခန်းထဲမှာ တခြားဟာထိုင်လုပ်နေတယ်ထင်စရာလား"
"ပုလဲမျက်နှာ" ဆိုတဲ့မော်ဒယ်လေးက တော်ရုံနောက်ကြောင်းမရှုပိဘူးနော် ဟိုတယ်မှာသုံးညဆက်တိုက် လာတည်းပုံထောက် သူတကယ်ချစ်လို့ဖြစ်ရမယ်"
စတိုခန်းထောင့်စွန်းနားကို အခန်းရှာရင်း သူမတဝဲလည်လည်ဖြစ်နေရတာ ဒီလိုအကြောင်းတွေတစ်တစ်ခွခွ နားထောင်ရဖို့ဖြစ်လာခဲ့သည်။ဒီလိုနေရာတွေမတည်းဖူးတော့ နီလာ့အားကိုးပြီး ထွက်လာသင့်တာ
အခုတော့ မျက်နှာပြင်မှာ မျက်ရည်တွေကလွဲလို့ ဘာမှမရှိနေတော့ဟိုတယ်၀န်ထမ်းအချင်းချင်း ဒီလိုနေရာမှာကြုံကြိုက်ရင်းပြောတဲ့စကားတွေဟာ သူမအသဲကို အက်စစ်နဲ့ပတ်နေသည့်နှယ်
အကွယ်ရိပ်တနေရာမှာမို့ရှိုက်သံမထွက်အောင်ကြိုးစားရင်း သူမထွက်လာလိုက်သည်။ရှေ့ကလမ်းကိုလည်းမမြင်၊နီလာ့ကိုရှာဖို့လည်းသတိမရ ၊တည်းခိုရတဲ့တစ်ညတာမှာ ဘာမှမသိရဘဲ မနက်စောစီးတဲ့အချိန်မှာ ကုန်စင်အောင်သိလိုက်ရတာကိုပဲ ရင်နာလို့မဆုံး
မေးချင်ခဲ့တာ ဘာကြောင့်ထားခဲ့တာလည်းဆိုတာကို
သိချင်ခဲ့တာ သူ့ရဲ့စိတ်ရင်းအမှန်တွေကို
အခုတော့ ဘယ်လိုနှလုံးသားနဲ့ နားထောင်ရမလည်း
ဟုတ်ပါတယ် ဆိုတဲ့ စကားတွေကို ဘယ်လိုအင်အားနဲ့ လက်ခံပေးရမလည်း
သတိမရှိပဲ စစ်တိုက်ဖို့ကြိုးစားနေတဲ့အရူးတစ်ယောက်သာသာပါပဲ
သူမဟာ အဖြေရှိပြီးသားပုစာ တစ်ခုအပေါ်ကို လိုရာအဖြေနဲ့မျက်နှာပြောင်တိုက်လဲချင်သူဖြစ်နေခဲ့လေပြီ။
YOU ARE READING
ခါးသက်ပြင်းရှတဲ့ဝိုင်တစ်ခွက် ယစ်မူးစေသောသိုးငယ် မူးမိုက္မိသောသားရဲ
Romanceကိုယ်ရိုးသားပါတယ်လို့ထင်ခဲ့ရတဲ့ ခပ်တုံးတုံးယောကျာ်းတစ်ယောက်ဟာ လက်ထပ်တဲ့နေ့မှာထားခဲ့မယ်လို့ဘယ်သူကထင်မှာလည်း၊ နာကျည်းစွာမုန်းတီးရင်းဘ၀ကိုပြန်လည်ရပ်တည်ကာမှ သူမ ရှေ့မှာ နောက်တစ်ဖန်မတူညီသောဘ၀ဖြင့် ပြန်လည်ပေါ်ထွက်လာသော်အခါ ဘာတွေဆက်ဖြစ်လာမှာလည်း......... ခ...