သူမရှေ့မှာ ငုတ်တုတိထိုင်ပြီး တအိမ်လုံးကို မျက်စိကစားနေသော သော်တာ
ခဲတံကိုလည်းကိုက်ထားတာ စရောက်ထဲက
ဂျစ်ကန်ကန်အချိုးမပြေသောပုံစံပေမို့ သူမစိတ်ထဲ သေချာကိုင်တွယ်မှရမည်ဟု မှတ်ချက်ချမိလိုက်သည်။"မကြီးက အိမ်ထောင်ကွဲနေတာလား???'
"Chemistry ထုတ် ဒီနှစ်ကorganic ခန်းပယ်လို့မရဘူးမလား အာ့တာလေးအရင်လုပ်ကြည့်မယ်"
"နေပါဦး စာကနောက္မှပေါ့ အခုက မရင်းနှီးပဲ စာစသင်ရမယ်ဆိုတော့ နဲနဲလေးမသက်မသာဖြစ်ရလို့"
"ဒါဆို ဘာမေးမှာလည်း???"
"အဟင်း သော်တာက ဒဲ့သမား သိချင်တာရှိရင်မေးရမှ တမျိုးတော့မထင်နဲ့ အမ ဘဲက အမကို ယူမယ့်နေ့မှာထားခဲ့တာဆို"
"လုံလောက်တဲ့အဖြေအခုထိမရသေးဘူးလား
သုံးလကျော်ပြီဖြစ်တဲ့ ကိစရပ်ကိုလေ""အမကတော့ မဟုတ်ဘူးပဲဖြေမှာပေါ့"
"အဟွန်း ထားသွားတယ်ဆိုရင်ရော???'
"ထားသွားတယ်ဆိုရင် သော်တာကောက်ချက်ချတာ မှန်သွားတာပေါ့ ပိုက်ဆံတစ်သောင်းကြေးတောင်လောင်းထားတာ"
ရင်ဘတ်တနေရာက ဆစ်ကနဲဖြစိသွားရသည်။
သူမသိတာပေါ့ သူမကို မခံချင်အောင်ပြော
ပြသနာတက်အောင်လုပ်
ပြီးတာနဲ့ မသင်ချင်ပါဘူးဆိုပြီး လစ်ထွက်ဦးမှာ"အင်း အဲ့မုန့်ဖိုးနဲ့ကောင်းတာ၀ယ်သုံးပေါ့
အမရဲ့ အတင်းဖျင်းနဲ့ငွေရှာနိုင်ပြီးသုံးရတာ
ပျော်ရတယ်ဆိုရင်ပေါ့""ဘာလည်း အမက စိတ်ဆိုးတာလား
ပွင့်ပွင့်လင်းလင်းပေါ့ မကြိုက်ရင်မကြိုက်ဘူးဘာညာ""လူတိုင်းကတော့ ကိူယ့်အတွင်းရေးကို မြိန်ရေရှက်ရေပြောဆိုနေတာမျိုးကြိုက်လှဟန်မရှိပါဘူး
ကိုယ်ရေးကိုယ်တာဆိုတာ အတတ်နိုင်ဆုံးစည်းနဲ့နေရတာပေါ့
ဥပမာ သော်တာ ကျောင်းလစ်ပြီး ရည်းစားခိုးထားတာ မုန့်သွား၀ယ်တိုင်းကြားနေရတာပဲ
အမက အဲ့အတင်းဖျင်းမပြောရင်တောင်
သူများတွေက အားရ၀မ်းသာစွာပြောနေမှာပဲ""ဘာ!!!!'
"တရားပါတယ်သော်တာ စိတ်မဆိုးနဲ့ပေါ့
သော်တာ သူများအကြောင်းပြောဆိုအားရနေချိန်မှာ တချိန်ထဲမှာပဲ တခြားတစ်ယောက်က သော်တာ့အကြောင်းပြောဆိုနေနိုင်တာပဲလေ"
YOU ARE READING
ခါးသက်ပြင်းရှတဲ့ဝိုင်တစ်ခွက် ယစ်မူးစေသောသိုးငယ် မူးမိုက္မိသောသားရဲ
Romanceကိုယ်ရိုးသားပါတယ်လို့ထင်ခဲ့ရတဲ့ ခပ်တုံးတုံးယောကျာ်းတစ်ယောက်ဟာ လက်ထပ်တဲ့နေ့မှာထားခဲ့မယ်လို့ဘယ်သူကထင်မှာလည်း၊ နာကျည်းစွာမုန်းတီးရင်းဘ၀ကိုပြန်လည်ရပ်တည်ကာမှ သူမ ရှေ့မှာ နောက်တစ်ဖန်မတူညီသောဘ၀ဖြင့် ပြန်လည်ပေါ်ထွက်လာသော်အခါ ဘာတွေဆက်ဖြစ်လာမှာလည်း......... ခ...