"လုပ်ထားတဲ့အပေးယူမှာ ဒါတွေမပါဘူး ဒေါ်မာလာ"
"အို မင်းတို့လိုချင်တဲ့အနေထားရောက်ဖို့
ဘယ်လိုနည်းလမ်းပဲသုံးပါလို့ မင်းတို့လည်းရေးထားတာမဟုတ်ဘူးလေ""ခများ ရွက်စိမ်းကို ခေါ်ထုတ်ဖို့ ခများသမီးရော ခများပါ သွားလာ ကူးခတ်နေမှရမယ်ပေါ့"
"အင်း လုပ်သင့်လုပ်ရမှာပဲ အဲ့တာမှ အိမ်တွင်းကိစမင်းတို့သိရမှာပေါ့"
"ဟိုကအဲ့လောက်္မတုံးဘူး ဒေါ်မာလာ
ဒီအိမ်ကို ၀င်ရောက်ပြီးအပေးယူလုပ်ထားတာကအစသိရင်သိနေမှာ""တစ်ယောက်နဲ့တစ်ယောက္မယုံကြည်ရင် ဘာအကျိုးမှမရှိဘူး နေမာန"
"ကောင်းပြီလေ အချိန်တစ်လအတောတွင်းမှာ ခများ သူ့အကြောင်းရော ရွက်စိမ်းကိုရော ခေါ်ထုတ်နိုင်ရမယ်"
"နည်းလွန်းတယ် သုံးလအချိန်ပေး...."
"ဘာ!!!!!'
"ဟိုက ဘီလူးတစ်ကောင်လို စောင့်ရှောက်နေတာ နေမာန...
မင်းတောင် သူ့၀န်းထဲ ခြေချလို့မရခဲ့လို ငါနဲ့အပေးယူလုပ်ထားရတာပဲမဟုတ်ဘူးလား"လက်သီးတွေတင်းကနဲစုပ်မိပြီး စိတ်ရှိတိုင်းအရဆို ထိုမိန်းမ မျက်နှာအားဆင့်ကဲထိုးပစ်ချင်သည်။အခုလိုချိန် ရွက်စိမ်းကိုခေါ်ထုတ်ဖို့က သူ့အတွက်အရေးတကြီးရှိလှသည်။
သူ့အန်ကယ်သေဆုံးမှုကို သိချင်ရသလို
နှလုံးသည်းပွတ်ဖြစ်တဲ့ ရွက်စိမ်းကို တခြားနေရာမှာသာဖွက်ထားလိုက်ရင် ခွန့်ကို သူတို့ကောင်းကောင်းကိုင်တွယ်လို့ရပြီဖြစ်သည်။"ကောင်းပြီလေ ခများဇာတ်ခများနိုင်ဖို့အရေးကြီးတယ်"
တင်းမာမှုကနေ မတတ်သာလို သာ အပေးယူကဖြစ်မြောက်ရပေမယ့် စိတ်ထဲမှာ အလိုမကျမှုတွေက ကိုယ်စီရှိနေလျက်
................
"မင်း ဇာတ်မင်းနိုင်မလား???'
"ဘာကိုလည်းး"
"မင်းကြောက်ရတဲ့ အမ က မင်းကိုစိတ်မချလို့ လာပြုစုပေးတဲ့အပေါ်မှာ မင်းဘက်က အားနာမှုတွေ နိမ့်ချမှုတွေက...""
"မရှိဘူး ကျေးဇူးတရားကြွေးကထင်ထားတာထက်ကြောက်ရကောင်းမှန်း ရှင်မရှိတဲ့အတောတွင်းမှာ သင်ယူခဲ့ပြီးပါပြီ"
YOU ARE READING
ခါးသက်ပြင်းရှတဲ့ဝိုင်တစ်ခွက် ယစ်မူးစေသောသိုးငယ် မူးမိုက္မိသောသားရဲ
Romanceကိုယ်ရိုးသားပါတယ်လို့ထင်ခဲ့ရတဲ့ ခပ်တုံးတုံးယောကျာ်းတစ်ယောက်ဟာ လက်ထပ်တဲ့နေ့မှာထားခဲ့မယ်လို့ဘယ်သူကထင်မှာလည်း၊ နာကျည်းစွာမုန်းတီးရင်းဘ၀ကိုပြန်လည်ရပ်တည်ကာမှ သူမ ရှေ့မှာ နောက်တစ်ဖန်မတူညီသောဘ၀ဖြင့် ပြန်လည်ပေါ်ထွက်လာသော်အခါ ဘာတွေဆက်ဖြစ်လာမှာလည်း......... ခ...