Part 11

2.7K 202 27
                                    

Yes,I'm Yours(Part 11)

ဘယ်တွေရောက်နေတာလဲ......

မူးနောက်နေတဲ့ခေါင်း.....
မျက်လုံးကိုသေချာဖွင့်ကြည့်ကာ ထအထိုင်.....

"သူလား........"

"ဟုတ်ပါတယ်......သူဌေး....."

"ခင်...ခင်ဗျားတို့က ဘယ်သူတွေလဲ......
အခု ဘယ်ကို ခေါ်လာကြတာလဲ......"

"မင်းကို ဘာလို့ခေါ်လာတာလဲဆိုတာ သူတို့မပြောဘူးလား......"

"လွှတ်ပေးပါ......ဒီလို ဖမ်းခေါ်လာတာက ပြန်ပေးစွဲမှုမြောက်တာမို့.....ခင်ဗျားတို့မလွှတ်ပေးရင် ရဲတိုင်ရလိမ့်မယ်......"

"အဟက်.......ရုပ်ရည်ကိုကြည့်တော့ အဆင်ပြေတယ်ထင်နေတာ......တကယ်အရိုင်းစိုင်းလေးပဲ.......ဒီမှာ.....ကောင်လေး......

မင်းအဖေဆီက ငါရ,ရမဲ့အကြွေးတွေရှိတယ်.....
အခု သူမပေးနိုင်တော့လို့ မင်းကိုပဲ ထိုးပေးတာ...
မင်းအဖေရဲ့အကြွေးတွေ ကျေသွားတဲ့အထိ မင်းဒီမှာ အလုပ်လုပ်ပေးရမှာ......"

ရှေ့မှာ ထိုင်နေတဲ့သူဌေးဖြစ်သူဆိုသူနဲ့ အနောက်ဘက်မှာ ရပ်နေတဲ့ လူသုံးယောက်ကို ကြည့်တော့.....

ရိုးရိုးသာမန်အလုပ် လုပ်ရမှာ မဟုတ်လောက်မှန်း တွေးထင်လိုက်မိသည်.....

"ထွက်ပြေးဖို့ တွေးနေရင်တော့.....အဲ့အတွေးကို အခုချက်ချင်းဖျောက်လိုက်.......မင်းဒီကနေပျောက်သွားတာနဲ့ မင်းအဖေနဲ့မင်းအမေကို သတ်ပစ်ရလိမ့်မယ်........"

"ခင်ဗျား.......!
ကျွန်တော့်အမေကို မထိနဲ့......"

"အဟက်....အလုပ်ဖြစ်သားပဲ......"

"ကျွန်တော့်အမေ.....ဘယ်မှာလဲ.....ခင်ဗျားတို့ တစ်ခုခုလုပ်သေးလား....."

"စိတ်လျော့ပါ......မင်းဘက်က ငါတို့စိတ်ပျက်ရအောင် မလုပ်သရွေ့ မင်းအမေကို မထိပါဘူး......."

အဲ့လူယုတ်မာကြောင့် ဒီလိုတွေ ဖြစ်လာရတာ.....ဒီလိုနဲ့ ကျွန်တော့်ရည်မှန်းချက်တွေ အကုန်ကွယ်ပျောက်ပြီး မကောင်းတဲ့အလုပ် လုပ်သွားရင်း ဘဝကို ဖြတ်သန်းရတော့မှာလား.....

အမေရော......အမေအဆင်ပြေနေရဲ့လား.....
ရွေးချယ်စရာမရှိတော့ဘူးလား......ဒီအတိုင်း သူတို့ခိုင်းတာကိုလုပ်ပေးရုံကလွှဲပြီး မရှိတော့ဘူးလား....

Yes, I am YoursWhere stories live. Discover now