Part 29

3.8K 305 36
                                    

Yes,I'm Yours(Part 29)

သုတ်ဖယ်ပစ်ပေမဲ့လည်း ထပ်မံကျဆင်းလာတဲ့ မျက်ရည်တွေ......
Sim Min Hoဆွဲခေါ်ရာနောက် လိုက်သွားမိပြီးနောက်.....

အပြင်ဘက်ကို ရောက်တာနဲ့ ရပ်လိုက်ကာ.....
ဆွဲခေါ်လာတဲ့လက်ကို ဖြုတ်စေလိုက်သည်.....

"ခင်ဗျားနဲ့ ပြောစရာဘာမှ မကျန်...တော့ဘူး ထင်တယ်.....အင့်.....
ကျွန်တော်တစ်ယောက်တည်း နေချင်တာမို့.....
ဒီအတိုင်း လွှတ်ထားပေးပါ....."

"မင်းကို ဒီပုံစံနဲ့ တစ်ယောက်တည်း လွှတ်ထားပေးရမှာတဲ့လား......"

"..........ဟင့်......."

"လာ.....အရင်ဆုံး ဟိုဘက်မှာ သွားထိုင်ရအောင်......"

သင်္ဘောအပြင်ဘက်တစ်နေရာမှာ အေးဆေးထိုင်သောက်လို့ ရတဲ့ barပုံစံလိုလို နေရာစီစဉ်ထားပေးတာမို့ ထိုင်ခုံတစ်နေရာမှာ သွားထိုင်လိုက်သည်......

"ဘာများသုံးဆောင်မလဲ....."

"ခပ်ပြင်းပြင်းဟာ ချပေးပါ....."

"ဟုတ်.....ဒီဘက်ကရော....."

"ကျွန်တော်ကတော့ တော်ပါပြီ......"

"ဟုတ်......ခဏလေးစောင့်ပေးပါနော......"

အခုခေါင်းထဲ ပြည့်နှက်နေတဲ့ အကြောင်းအရာတွေကို ထပ်မတွေးမိစေဖို့အတွက် မူးအောင် သောက်လိုက်ဖို့သာ စဉ်းစားထားသည်.....

"ထယ်ယောင်း......
ကိုယ့်ဆီ လာခဲ့ပါ.....ကိုယ်မင်းကို အပြည့်စုံဆုံးဖြစ်အောင် ထားပြီး ချစ်‌ပေးပါ့မယ်....."

"ဘာတွေ ထပ်ပြောနေပြန်တာလဲ.......
Sim Min Ho......"

"မကြာခင် သူမင်းကို ပစ်ပယ်ထားတော့မှာ......
မင်းတခြားလူဆီ ထပ်ရောက်သွားမှာကို မလိုချင်ဘူး.....မင်းထပ်ပြီး ငိုနေရမှာကိုလည်း ကိုယ်ထပ်မမြင်ချင်တော့တာမို့......"

"ရူးနေတာလား.....Sim Min Ho......
ကျွန်တော့်လိုလူကို ခင်ဗျားက Jungkookဆီကနေ ပြန်ယူပြီး ချစ်ပေးပါ့မယ်တဲ့လား.....
ခင်ဗျားတို့က လူတစ်ယောက်ကို ငွေနဲ့တန်ဖိုးဖြတ်ရတာကို သိပ်သဘောကျပုံပဲ......
ခင်ဗျားပြောတာကို ကြားပြီး ကျွန်တော်ပျော်သွားမယ်လို့ ထင်နေတာလား.....ဟင်......"

Yes, I am YoursWhere stories live. Discover now