Part 32

3.7K 318 58
                                    

Yes,I'm Yours(Part 31)

"ထွက်သွားပေးပါ့မယ်.....ဒီကနေ....."

"ဟုတ်ပြီလေ......
မင်းလိုချင်သလောက် ပိုက်ဆံပေးအုံးမှာမို့...
အဝေးဆုံးကို ထွက်သွား......"

"မလိုဘူး.......
ဒီကနေ အဆင်ပြေပြေထွက်သွားနိုင်ရင် ရပြီ......"

"Okလေ......
အလုပ်ပြီးရင် ညနေကျ Jungkookက အိမ်ပြန်လာလောက်အုံးမှာ......ရုတ်ရုတ်လုပ်ဖို့တော့ မကြံနဲ့......ညမှောင်တာနဲ့ ထွက်သွားဖို့တန်းပြင်တော့......

ဒီည Jungkookအိမ်ပြန်အိပ်မှာမဟုတ်ဘူး......
Hannaနဲ့ မဂ်လာဝတ်စုံသွားကြည့်ပြီး Busanမှာ ပွဲတက်ပြီး တစ်ညသွားအိပ်ရမှာလေ......"

"ကောင်းတာပေါ့......
သူမမိရင် ပြီးရော......"

"ဒီကြားထဲJungkookမရိပ်မိစေနဲ့......
မင်းကြောင့် အကုန်ပေါ်သွားရင်တော့ အဲ့ကျ မင်းကို ဒီအတိုင်းထားမှာ မဟုတ်ဘူး....."

"အဲ့လိုမဖြစ်စေရဘူး...ကျွန်တော်လည်း ဒီအိမ်မှာ သိပ်နေချင်တယ်လို့ ထင်နေတာလား......"

"ကောင်းပြီလေ.....
ပိုက်ဆံမယူတော့မှာ သေချာလား.....ဟန်ဆောင်မနေဘဲနဲ့ ယူပါ့မယ်လို့ ပြောလိုက်စမ်းပါ....."

"မယူဘူးလို့ ပြောပြီးပြီလေ....."

"အေပါ......"

ပြောအပြီး အခန်းထဲကနေ ထွက်သွားလိုက်ပါတဲ့ Jungkookအမေ......

အင်း......ဒီကနေ ထွက်သွားနိုင်ရင် ထွက်သွားနိုင်ပေါ့ အဲ့လိုမဟုတ်ဘဲ ထပ်မိသွားလို့ အရင်တစ်ခေါက်က ပြောထားသလို ခြေထောက်ရိုက်ချိုးရင်ချိုး သတ်ရင်သတ်ပစ်ပါလေ့စေ......

ဒီအိမ်မှာတော့ ထပ်မနေချင်တော့ဘူး.....
အကုန်လုံးကို သည်းခံပြီး နေသွားဖို့ဆုံးဖြတ်ထားပြီးသားဆိုပေမဲ့ Jungkook......မင်းကပါ ငါ့ကို နာကျင်ခံစားရအောင် လုပ်နေတာ......

ခဏလောက်အထိပါပဲ.....
လွမ်းလွန်းတဲ့စိတ်နဲ့ မနေနိုင်ရင်တောင် အချိန်တစ်ခုလောက်အကြာဆိုရင် အဆင်ပြေသွားလောက်မှာပါ......

အင်း......ချက်ချင်း မမေ့ပစ်နိုင်ရင်တောင်
ဖြည်းဖြည်းချင်း မင်းကို မေ့ပစ်ဖို့ လုပ်မှာပါ....
Jungkook......

Yes, I am YoursWhere stories live. Discover now