Yes,I'm Yours(Part 42)
"အနာက ကောင်းကောင်းကျက်သွားပြီးမို့ ပုံမှန်အတိုင်း သွားလာလှုပ်ရှားလို့ ရပါပြီနော....
အမာရွတ်ပါးအောင် လိမ်းဆေးလေးပေးလိုက်ပါမယ်.....""ဟုတ်ကဲ့......"
"ဒီနေ့ အပြင်ထွက်လည်လည်း ရပြီနော.....
ဒါမှမဟုတ် အိမ်မှာပဲ အေးအေးဆေးဆေး Christmasနေ့ကို ဖြတ်သန်းကြမှာလား.....""ဟုတ်......
မိသားစုတွေနဲ့ပဲ အချိန်ကုန်ဖို့ လုပ်ထားပါတယ်""အင်း.....ကောင်းပါတယ်......"
"အားလပ်ရက်မှာတောင် အိမ်အထိ လာကြည့်ပေးလို့ ကျေးဇူးတင်ပါတယ်.....Doc....
Doc.ရဲ့ ကိုယ်ပိုင်အချိန်တွေကို ဖဲ့ပေးနေရတာ အားနာစရာပဲ......""မဟုတ်တာ.....တစ်ကိုယ်တည်းသမားမို့လို့ အားလပ်ရက်မှာ ဘယ်သူနဲ့ ဘာလုပ်မယ်ဆိုတဲ့ အစီအစဉ်လည်း မရှိတာမို့ အားမနာပါနဲ့......"
"ဟုတ်......"
"ကဲ....ဒီမှာက လိမ်းဆေး....
တစ်နေ့ကို တစ်ကြိမ်ပုံမှန်လိမ်းပေးလိုက်နော...
အခုတော့ ပြန်လိုက်အုံးမယ်......""ဟုတ်ကဲ့.....
ဂရုစိုက်ပြန်ပါ.....Doc....""အင်း....အင်း......"
*****
"ဟဲဟဲ.......ပြန်ကောင်းသွားပြီတဲ့နော....
Hyung....""တွေးနေတာကို ရပ်လိုက်......
အခု အမေတို့ဆီ သွားကြမှာမလား.....
မြန်မြန်သွားမယ်.....ခဏနေ ကားတွေကျပ်နေတော့မှာ.....""ဟုတ်ကဲ့ပါ......"
"ယောင်းလေးကို နို့ဗူးတိုက်ပြီးပြီမလား....."
"အင်း......တိုက်ပြီးပြီ......"
"အမေတို့အိမ်မှာ တစ်ညသွားအိပ်မှာဆိုတော့ ယောင်းလေးပစ္စည်းတွေရော အကုန် ထည့်ပြီးပြီလား...."
"ပြီးပါပြီ....Hyungရဲ့......"
"ကဲ.....ယောင်းလေးလည်း သွားဖို့အသင့်ဖြစ်ပြီ....မင်းရော ပြီးပြီလား....."
Jungkookကို လှည့်ကြည့်လိုက်တော့ ငြိမ်လျက်သား မတ်တပ်ရပ်နေလျက်......
"လာပါဦး.....ဒီကို......"
"ဘာလဲ.....Hyung......"
"အင့်......ဒါလေး ပတ်ထား....."
YOU ARE READING
Yes, I am Yours
Fanfictionသိပ်ချစ်ခဲ့တယ်..... အပျော်ကစားခဲ့တာဆိုတဲ့ သူ့ကို နာကြည်းယောင်ဆောင်ခဲ့တယ်..... တစ်နေ့ပြီးတစ်နေ့ ပိုပိုရူးသွပ်လာရတာမို့ နောက်ဆုံးလုပ်လိုက်မိတာက အနားမှာ အတင်းဆွဲခေါ်ထားခြင်းပင်..... "Hyung....... You're Mine......" "Yes,I'm Yours...." 28.12.2022~14.05...