Part 43

3.5K 210 51
                                    

Yes,I'm Yours(Part 43)

"ဟုတ်.....Jiwon......"

"ဒီညလား......."

"ဟုတ်ကဲ့......
လာဖြစ်ရင် ပြောလိုက်မယ်လေ....."

အဝတ်လဲခန်းထဲမှာ ဖုန်းပြောနေတဲ့ Jungkook...
အထဲဝင်မလို့ လုပ်ပြီးမှ မဝင်ဖြစ်တော့ဘဲ နေရာကနေ ထွက်လာလိုက်သည်......

"Hyung.......
ကျွန်တော် သွားတော့မယ်နော......
ခဏ...ယောင်းလေးကို ကြည့်သွားပါရစေအုံး..."

"ဒီည......စောစောပြန်လာမှာမလား......."

"အင်း......၈နာရီမကျော်ခင်ပြန်လာပါ့မယ်......"

"ဘာလို့လဲ.....
အဲ့ထက်စောလို့ မရဘူးလား......"

"သဖက်ခါ new yearပိတ်ပေးမှာမို့ ဝန်ထမ်းတွေရော ကျွန်တော်တို့ကပါ အလုပ်ပိုလုပ်နေတာနဲ့.."

"မနက်ဖြန်ရော......အလုပ်သွားမှာလား......"

"မနက်ပိုင်းတော့ Hyungနဲ့ ရှိနေပေးမယ်လေ.....
ညနေပိုင်းတော့ အရေးကြီးmeetingရှိလို့ ခဏပြန်သွားရမယ်......"

"အင်းပါ......."

"ဒါဆိုရင် သွားတော့မယ်နော.....Hyung......
တစ်ခုခုဆို ဖုန်းဆက်နော......
ယောင်းလေးရေ......Daddyအလုပ်သွားပြီနော.....ဒီနေ့လည်း လိမ်လိမ်မာမာနေရမယ်နော......"

*ပြွတ်စ်......*

"ညမှ တွေ့မယ်......
ကျွန်တော် အပြန် မွေးနေ့ကိတ်ဝယ်လာလိုက်မယ်......."

ကျွန်တော့်နဖူးအား တစ်ချက်နမ်းသွားကာ ထွက်သွားပါတဲ့ Jungkook......

လက်ထဲက ဖုန်းကို ဖွင့်ကာ ကြည့်လိုက်တော့.....
Kim Jiwonဆိုသူက ယနေ့သူမမွေးနေ့အား နေအိမ်တွင် ကျင်းပမည်ဖြစ်ကြောင်း တင်ထားတဲ့ postတစ်ခုပင်......

ပြောတဲ့အချိန်မကျော်ခင် ပြန်လာရင်ပြန်လာ....
မဟုတ်ရင်တော့ မင်းကို တကယ်ကြီး စိတ်ဆိုးပစ်ရလိမ့်မယ်.....Jungkook......

ငါမင်းနဲ့ အရင်လို စကားမများချင်တော့တာမို့...
ကျေးဇူးပြုပြီး မင်းမဟုတ်တာတွေ မလုပ်ဖို့ပဲ မျှော်လင့်ပါတယ်.......

တစ်မနက်လုံး...စိတ်နဲ့လူနဲ့ မကပ်နိုင်တော့ပေ.....
Jungkook ပြောင်းလဲနေတယ်ဆိုတဲ့ အတွေးက ခေါင်းထဲ တစ်ချိန်လုံး စိုးမိုးနေပြီး လူကို အရုပ်ကျိုးပြတ်သလို ဖြစ်စေသည်......

Yes, I am YoursWhere stories live. Discover now