Part 1

1.6K 62 18
                                    

"မေမေကြီး ခင့်ကို မန်နေဂျာတစ်ယောက်လောက်ရှာပေးပါလားဟင်"

"သမီးခင်ရယ် မေမေကြီးက ဘယ်ကနေရှာရမလဲ ငါ့သမီးကိုယ်တိုင်ရှာရမှာမဟုတ်ဘူးလား"

"အဲ့တာတော့ ဟုတ်တယ်လေ ဒါပေမဲ့ ခင်မှာ့ မအားတာ မန်နေဂျာရှိတော့ သိပ်မပင်ပန်းတော့ဘူးပေါ့ မေမေကြီးကလည်း"

"အင်းပါ နောက်နေ့ မေမေကြီး သတင်းစာထဲထည့်ကြော်ငြာပေးမယ်နော်"

"ဟုတ်ကဲ့"

အသက် 40ကျော်လာသော်လည်း ယနေ့ထိ အမေပေါ်တွင် ကလေးဆိုး ဖြစ်နေလေသည်။ အိမ်တွင်မည်မျှပင်‌ချွဲနေသော်လည်း အလုပ်တွင်မူ တည်ငြိမ်ရင့်ကျက်ပြီး မာနတစ်ခွဲသားနှင့် မင်းသမီးကြီး တစ်ဦးဖြစ်သည်။

ရှုတင်နှင့်အိမ်မှာ့ လွဲ၍ မည်သည့်နေရာမှာ့ မသွားတက်သောကြောင့် ယနေ့တွင်လည်း ရှုတင်မှာ့ အပြန်အိမ်တွင်သာ အနားယူလေသည်။
မေမေကြီးမရှိသည်မို့ အိမ်က ခြောက်ကပ်နေသည်မှာ အမှန်ပင်။ မေမေကြီးက သူငယ်ချင်းအိမ်ရောက်တုန်း တနေကုန် နေမည်ကို ခင်သိနေ၍ မပြောတော့ချေ။

"လပြည့်ရေ ဒီမှာဝိုင်းကူပေးပါဦးကွဲ့"

အောက်ထပ်မှာ့ ကားအသံကြားမိကာ မေမေကြီး ရောက်လာသည်ကိုသိသဖြင့် အောက်ထပ်ဆင်းရန်ပြင်ဆင်လိုက်သည်။

အထုတ်အပိုးသယ်နေသော လပြည့်အား

"ဘယ်သူပါလာလို့လဲ"

"မသိဘူး မမလေး ဒေါ်ကြီးနဲ့အတူ ကောင်မလေးတစ်ယောက်တော့တွေ့တယ်"

ဧည့်ခန်းထဲသို့ တည့်မတ်စွာသွားရင်း

"သမီးခင်  အတော်ပဲ လာထိုင်"

"သူကဘယ်သူလဲ မေမေကြီး"

"အော် ဦးမြရဲ့ မြေးအကြီးမလေးလေ"

"အို....သူတောင် ဒီအရွယ်ရောက်ပြီလား"

"ဟုတ်တယ်သမီးခင်ရေ အခုလဲ ခေါ်လာတာအကြောင်းမဲ့ မဟုတ်ဘူး သမီးမှာလဲ မန်နေဂျာလိုနေတယ်ဆိုလို့"

"မေမေကြီး သူက မန်နေဂျာအလုပ်လုပ်တက်လို့လား အခုမှာ့ကလေးဆိုတော့တက်ပါ့မလား"

ဖျတ်လတ်မဲ့ပုံရှိသော်လည်း ငယ်ရွယ်သော ထိုကလေးကိုတော့ မန်နေဂျာမခန့်ချင်ပေ။

You are my heart 🤎Where stories live. Discover now