မနက်ဖြန်မှ ကွာရှင်းမယ်

375 33 1
                                    

Zawgyi

ငါ့ယောင်္ကျားကို ဒီနေ့ ကွာရှင်းမယ်ဆိုတဲ့အကြောင်း ပြောဖို့ စဉ်းစားနေပေမဲ့ မနက်ထဲက အလုပ်သွားတဲ့ သူကြောင့် မပြောဖြစ်လိုက်။ ပြန်လာရင်တော့ ပြောရမယ်။

အလုပ်ပြန်ရောက်တော့ ငါ့ယောင်္ကျားက ငါ့နဖူးကိုနမ်းပြီး ထမင်းစားဖို့ပြင်ပေးမယ်‌ ခဏစောင့်ဆိုပြီး မီးဖိုချောင်ထဲဝင်သွားတယ်။ည‌ 6နာရီ ထမင်းစားချိန်ရောက်တော့ ယောင်္ကျားဖြစ်သူက ငါကိုလာစား‌ဖို့ခေါ်တယ်။ ဗိုက်ဆာနေတာနဲ့ ကွာရှင်းဖို့အကြောင်းကို စားပြီးမှ ပြောမယ်လို့ မှတ်ထားလိုက်တယ်။

ငါကြိုက်တဲ့ ဖက်ထုတ်ပေါင်း၊ အသားလုံးကြော်၊ ကြက်သားပေါင်း၊ ငါးသားလုံးချိုချဉ်နဲ့ စွပ်ပြုတ် ပူပူလေး တွေကြောင့် ထမင်း သုံးပန်းကန်တောင်စားလိုက်တယ်။
ဗိုက်လည်းပြည့်အင့် လာတာကြောင့် ကွာရှင်းဖို့ မပြောနိုင်တော့ဘူး။ ဒီစကားကိုသေချာပြောမှဖြစ်မှာကြောင့် မနက်ဖြန်မှ ကွာရှင်းဖို့ပြောမယ်။

ငါ ဧည့်ခန်းမှာထိုင်တော့ ငါ့ယောင်္ကျားက ငါစားဖို့ ပန်းသစ်တော်သီးကို စိတ်ပေးပြီး နွားနို့ပူပူလေးတစ်ခွက် လာချပေးတယ်။ ပြီးတော့ အိပ်ခါနီး နွားနို့သောက်တာက အိပ်ပျော်စေတယ် လို့ ပြောသွားသေးတယ်။

ဒီလိုဂရုစိုက်ပေးတာကို ခင်ဗျားတို့ ကဘာလို့ ကွာရှင်းချင်တာလဲလို့ တွေးနေတယ်မလား။ ‌ငါ့ယောင်္ကျား က ငါအပြင် တခြား‌တစ်ယောက်ပါရှိနေလို့။ ဘယ်သူလဲဆိုတာကို နောက်မှ ပြောပြမယ်။ အခုတော့ နွားနို့မအေးသွား သောက်လိုက်အုန်းမယ်။မနက်ဖြန်က အလုပ်ပိတ်ရက် ဒါကြောင့် ငါ့ ယောင်္ကျားကို ကွာရှင်းဖို့ကိစ္စ ပြောဖို့ အကောင်းဆုံးဘဲ။ အခုတော့ နွားနို့သောက်ပြီး အိပ်ဖို့ပြင်လိုက်အုန်းမယ်။

ငါနိုးလာတော့ ငါ့ယောင်္ကျားကဘေးမှာမရှိနေဘူး။ ပိတ်ရက် သူရဲ့အသစ်လေးဆီသွားတာများလားလို့ တွေးနေတုန်း အခန်းထဲ သူဝင်လာတယ်။ ဘာလဲ ဒီနေ့မသွားဖူးလား။

"ထတော့လေ ၁၀နာရီကျော်ပြီး မနက်စာပြင်ထားပေးတယ်"
"....."
"ထတော့ အိပ်ထားတာရှုပ်ပွနေတာဘဲ အိပ်ရာခင်းလည်းလဲရအုန်းမယ် မင်းမထသေးလို့ ဘာမှမလုပ်ရသေးဘူး"

One Shot [VMIN]Where stories live. Discover now