The love of a General

517 41 0
                                    

ဘုရင့်အမိန့်တော်!!

ထိုနေရာမှာရှိတဲ့လူတိုင်း မြေကြီးပေါ်
ဒူးထောင်လိုက်ကြသည်။

ပေလွှာကိုဖွင့်လိုက်ပြီး ......

"ရှန်းရုံပြည်နယ်မှာ နေထိုင်‌‌သော ပတ်ဂျီမင်အား စစ်သူကြီး၏ကြင်ယာတော်အဖြစ် ခံအပ်စေ"

"ကျွန်တော်မျိုး အမိန့်တော်လက်ခံပါတယ်"

အမိန့်စာရွတ်ပြသွားသော လူဆီကနေ ဂျီမင်  အမိန့်လွှာကို လက်လွဲယူလိုက်သည်။

"မနက်ဖြန် နေမွန်းလွဲအချိန် ဝေါယာဉ်လာပါမယ် သိမ်းဆယ်ထားပြီး စောင့်နေပါ"
"ဟုတ်ကဲ့"
________________

ရှန်းရုံ ဆိုတဲ့ပြည်နယ်က တနိုင်ငံလုံးမှာ အသေးဆုံးပြည်နယ်ဖြစ်သလို လူနေအိမ်လည်းနည်းသည်။အသီးအနှံ့လည်း မထွက်သလို လမ်းပန်းဆက်သွယ်ရေးကလည်း ကုန်ကြောင်းတခုထဲသာရှိတာကြောင့် ထိုပြည့်နယ်က လူတွေက တခြားပြည်နယ်၊မြို့ များမှာ သွားရောက်လုပ်ကိုင်ကြရသည်။ထိုလူတွေထဲမှ သူတစ်ဦးကသာ ရှန်းရုံပြည်နယ်ကလွဲ၍ ဘယ်နေရာကိုမှမရောက်ဖူးပေ။ တောပေါ်မှပေါက်တဲ့ ဆေးမြစ်သစ်ဖုတွေကို ရောင်းချရင်း နေထိုင်သည်။

မိဘနှစ်ပါးလုံး သူ့အသက်17နှစ်မှာသေဆုံးသွားကြသည်။ဂျီမင် အဖေက ရှန်းရုံပြည်နယ်ကဖြစ်ပေမဲ့ အမေကတော့ တဝမ် ပြည်နယ်ကဖြစ်တယ်။ တဝမ်ပြည်နယ်ဆိုဝာာ ပြည်မတရုတ်ပြည်၏ နယ်စပ်ဒေသတခုဖြစ်သလို ဆေးပညာထွန်းကားတဲ့ နယ်မြေလည်းဖြစ်တယ်။ ဂျီမင် အမေက တဝမ် ပြည်နယ်မှာ ဆေးဆရာမအဖြစ်လုပ်ကိုင်သူဖြစ်သည်။ အဖေနဲ့ အမေတွေ့ပုံက ရှန်းရုံပြည်နယ်ကနေ အလုပ်လုပ်ဖို့
တဝမ် ပြည်နယ်ကိုရောက်လာတဲ့ အဖေက ဖျားနာ၍ တဝမ်က ဆေးဆရာမလည်းဖြစ် သူ့အမေနဲ့တွေ့ဆုံပြီးချစ်ကြိုက်ကာ သူကိုမွေးဖွားလာခြင်းဖြစ်သည်။

မိခင်ရဲ့ ဆေးပညာကို လေ့လာသင်ယူခဲ့ရတဲ့ ဂျီမင်က ရှန်းရုံပြည်နယ်ရဲ့ ဆေးဆရာ တဦးဖြစ်လာတယ်။

မင်းကြီးက အဘယ်ကြောင့် သူကို စစ်သူကြီးရဲ့ကြင်ယာတော်အဖြစ် သတ်မှတ်မှန်း သူမသိ။ စစ်သူကြီးကို တခါမှမမြင်ဖူးတဲ့ သူအတွက် ကြောက်ရွံ့မိသည်။ သို့သော် မင်းကြီးအမိန့်ကို လွန်ဆန်ဖို့ သတိမရှိ။

One Shot [VMIN]Donde viven las historias. Descúbrelo ahora