ဖူးစာ

236 23 0
                                    

အေးမြလှသည့် ဒီဇင်ဘာလ ဆောင်းရာသီတွင် လူတိုင်းအနွေးထည်ကိုယ်စီ နှင့် ဖြတ်သန်းနေကြပေမဲ့ ဂျီမင်ကတော့ နောက်ဘေးမီးဖိုချောင်တွင် ချွေးတရွဲရွဲ နှင့် အလုပ်လုပ်နေရသည်။

အေးတယ်။ အရိုးထဲစိမ့်တဲ့အထိအေးတယ်။ ‌ဒါပေမဲ့ ဂျီမင်သည် သူ၏ဘေးဘက်က ဆေးစရာပန်းကန်ချပ်တွေကို ကြည့်ရင်း သက်ပြင်းချလိုက်သည်။

"မြန်မြန်ဆေး ပေးစရာ ပန်းကန်တွေနည်းနေပြီ"
"ဟုတ်သူဌေး ရတော့မယ်"

သူဌေးဖြစ်သူ၏ အသံကြောင့် ရပ်နေရာကနေ လက်အိတ်ကိုစွပ်ကာ ရေအေးအေးထဲ ပန်းကန်တွေစိမ်ရင် ပွတ်တိုက်ဆေးကြောလိုက်သည်။ အသားကင်ဆိုင်ဖြစ်တာကြောင့် အအေးပိုတဲ့နေ့တွင်ဆို ဧည်သည့်များသည်။ ထိုနေ့များတွင် ဂျီမင်သည် မီးဖိုချောင်ထဲကမထွက်ရပေ။

ဆိုင်ပိတ်တော့ သန့်ရှင်းကို ဂျီမင် လုပ်ရသည်။ အောက်ကျနေတဲ့ အမှိုက်တွေ၊အသားဖတ် တွေကို သေချာ အမှိုက်ဗုံးထဲပစ်ပြီး ‌ရေဘက်တိုက်ရသည်။ ဒီလိုလုပ်ပြီးမှ နေ့စားခ ရသည်။

"ရော့ ဒီတခါပိုထည့်ပေးထားတယ်"
"ကျေးဇူးပါ သူဌေး"
"အေးအေး သွားတော့ ဆိုင်တံခါးပိတ်တော့မှာမို့"
"ဟုတ်ဟုတ်"

ပိုက်ဆံယူပြီးသည့်နှင့် ဆိုင်ထဲကထွက်လာရသည်။ဆိုင်တွင် ညောင်းလို့ ထိုင်နားဖို့ အချိန်မရှိ၊ ပိုက်ဆံကို ကျစ်ကျစ်ကိုင်ကာ အနီးအနားက ကားမှတ်တိုင်တွင် အမောဖြေနေလိုက်သည်။ အလုပ်လုပ်နေတုန်းက ပူပေမဲ့ ငြိမ်ထိုင်နေလိုက်တော့ ‌အနည်းငယ်ချမ်းလာသည်။

ဝတ်ထားတဲ့ အနွေးထည်အထူကို ကြယ်သီးတပ်ပြီး အိတ်ကပ်ထဲ လက်ထည့်ကာ သွေးပူအောင်ဟိုလျှောက် ဒီလျှောက်လုပ်ရင်း သူစီးမည့်ကားအလာကို စောင့်နေသည်။

သူ၏အိမ်ဆိုသည်မှာ သူများအိမ်၏ ခေါင်မိုးထပ်ဖြစ်သည်။ ပိုင်ရှင်လင်မယား နှစ်ယောက်သည် ပိုနေသော ခေါင်မိုးထပ်ကအခန်းအား သူအား ဌား၍နေစေသည်။
ညဘက်နောက်ကျချိန်ဖြစ်တာကြောင့် အိမ်ရှင်လင်မယားတို့အိပ်နေသည်။ ခေါင်မိုးထပ်ကို အိမ်မကြီး၏ဘေးဘက် လှေကားကနေတတ်ရသည်။ ခြံတံခါးကိုသေချာသော့ပိတ်ပြီး အသံမမြည်အောင်
အိမ်ပေါ် သို့တတ်သွားသည်။

One Shot [VMIN]Tempat cerita menjadi hidup. Temukan sekarang