ဂျီမင်အသက် ၈ နှစ်မှာ အစ်ကိုတစ်ယောက် ရလာတယ်။ ထိုအစ်ကိုကို ဂျီမင်ကြည့်မရ။ အဖေနဲ့အမေက ထိုအစ်ကိုကို ဦးစားပေးသည်။ ထို့ကြောင့် ဂျီမင်သည် ထိုလူ၏ ကျောင်းစာအုပ်များကို လျှောက်ခြစ်ပစ်သည်။ ကျောင်းဝတ်စုံများကိုလည်း အရောင်ခြယ်ဆေးတွေနဲ့ ပျက်စီးပစ်သည်။ ထိုလူက စိတ်မဆိုးဘဲ နောက်မလုပ်နဲ့ ဟုသာပြောသည်။ သူကတော့ နားမထောင် ထပ်ခါထပ်ခါ ထိုသူရဲ့ စာအုပ် အဝတ်စားများကို ပျက်စီးပစ်သည်။
ဂျီမင်ဘဝ၏ အမှောက်မိုက်ဆုံးအချိန်ကိုရောက်လာတယ်။ အသက် 15 နှစ်မှာ အဖေနဲ့အမေသည် ကား တိုက်မူ နဲ့ ဆုံးပါးသွားသည်။ အဲအချိန် ထိုသူက အသက် 22 သာရှိသေးသော်လည်း သူ(ဂျီမင်)၏ အုပ်ထိန်းသူနေရာကို ယူခဲ့သည်။ အရင်ကလောက် ဂျီမင် ထိုသူ ကို ပြဿာနာမရှာခဲ့ပေ။
ထိုသူက သူ(ဂျီမင်)အတွက် ကျောင်းကထွက်ပြီး သူကျောင်းတတ်နိုင်ရန် အလုပ်ဝင်လုပ်ခဲ့သည်။ အစ်ကိုတို့ တက္ကသိုလ်က ဘယ်အချိန်တတ်တတ်ရပါတယ် မင်းသာ အထက်တန်းအောင် အောင်ကြိုးစား လို့ ပြောတတ်သည်။ ထိုသူရဲ့ အနစ်နာခံမူကြောင့် ဂျီမင်လည်း အရင်လိုမဆိုးတော့ဘဲ ထိုသူနဲ့ လိုက်လျောညီအောင်နေသည်။
"ဂျီမင် ထတော့ ကျောင်းသွားရတော့မယ်"
"အွန်း ဆယ့်မိနစ်"ထယ်ယောင်း ဂျီမင်ကိုနိုးပြီး အခန်းထဲက ခန်းစီးကို ဖွင့်လိုက်သည်။ ကျောင်းသွားဖို့ အဆင်သင့်ဖြစ်စေဖို့ ကျောင်းဝတ်စုံကို ထုတ်ပေးပြီး သွားတိုက်ဆေးပါထည့်ထားပေးလိုက်သည်။ ထိုနောက် နောက်တချိန် ဂျီမင်ကိုနိုးလိုက်သည်။
"ထတော့ မနက်စာ ကြက်ဥခေါက်ဆွဲ လုပ်ထားပေးတယ် မမှီရင်မစားရဘဲနေလိမ့်မယ်"
" ထပြီလို့ ထပြီ ကျွန်တော်ကို ခေါက်ဆွဲများများထည့်ထားပေးနော်"
"အိုခေ"ဂျီမင်သည် ငါးမိနစ်အတွင်း ရေချိုး၊ မျက်နှာသစ်၊ အဝတ်စားလဲခြင်းကို ပြုလုပ်သည်။ ဝတ်ထားပြီးသော အဝတ်များကို ဘယ်နေရာတွင်ထားရန် ကြံနေစဉ်
"ဂျီမင် အဝတ်တွေကို လျှော်မဲ့ပုံးထဲထည့်ထားနှင့် နောက်မှ ကိုယ်လျှော်လိုက်မယ်"
"ဟုတ် "