LOVE

550 41 6
                                    

Love between Us
_________________

"အစ်ကိုကို သဘောကျတယ်"
"ကျွန်တော်နဲ့တွဲပါလား"
"ကျွန်တော်ကိုစဉ်းစားပေးပါ"

"ပါးစပ်ပိတ်ထား ကင်မ်ထယ်ယောင်း!"
"ဘာလို့အော်တာလဲ"
"တနေ့‌တနေ့ နားနားမှာ တဂျီဂျီပြောမနေနဲ့ ငါမင်းကိုမချစ်ဖူး သဘောမကျဖူး
ငါချစ်တာ  Chantieတစ်ဦးတည်း"
"Chantieကအစ်ကိုထက် တခြားတစ်ယောက်ကိုရွေးသွားတာလေ အစ်ကိုပစ်ပြီး~~"

Chantieအကြောင်းပြောတိုင်း အစ်ကိုဆီကအကြည့်စူးစူးကို သူရလိုက်တယ်။
"ထွက်သွားတော့"
"သွားမယ် သွားမယ် မလာဖူး ဟွန်း...မနက်ဖြန်မှလာခဲ့မယ်"

_______________

အစ်ကိုကဂျီမင်
သူကထယ်ယောင်း
နှစ်ယောက်သားတွေ့ဆုံပုံက အခန်းဌားရင်းနဲ့တွေ့ခဲ့ရသည်။ ဆိုးလ်ကိုတတ်လာတဲ့ အစ်ကိုက သူတို့ခြံရဲ့ ဘေးအိမ်ပုလေးမှာ ဌားနေတယ်။ သူကတော့ နေ့တိုင်း မနက်ကနေ ‌ညအထိ အိမ်ပုလေးနားမှာသွားနေတတ်တယ်။

မြင်မြင်ချင်းအချစ်ဆိုတာ ရုပ်ရှင်တွေ ဝတ္ထုတွေထဲမှာသာမြင်ဖူးပေမဲ့ အစ်ကိုမြင်လိုက်ရတဲ့အချိန် အပြင်မှာလည်း မြင်မြင်ချင်းအချစ်ရှိတယ်ဆို သူယုံသွားရတယ်။ ဆိုးလ်ကိုရောက်ခါစ အစ်ကိုပုံစံက jacketအထူတစ်ထည်ဝတ်ထားပြီး Handbagကြီးကြီး တစ်ထုပ်နဲ့ သူတို့ဆီကိုရောက်လာတယ်။

နယ်ဘက်ကနေဆိုးလ်ကို ရည်းစာနဲ့ခွဲပြီးရောက်လာတာလို့ အရက်မူးတုန်းကသူကိုပြောဖူးတယ်။ဘယ်သူကများ ဒီလောက်ပြီးပြည့်စုံတဲ့လူကို ထားရက်နိုင်ရတာလဲ။သူသာအစ်ကိုကိုပိုင်ဆိုင်ဖွင့်ရမယ်ဆိုရင် သွားလေရာခေါ်သွားပြီး ဒါကျွန်တော်ကောင်လေးပါဆိုပြီးပြောပစ်မှာ။

အစ်ကိုက တက္ကသိုလ်တခုရဲ့ အချိန်ပိုင်းဆရာတစ်ဦး။သူကတော့ သာမန်အလုပ်မရှ်ိတဲ့လူငယ်ပေါ့။ အစ်ကိုနဲ့သူနဲ့က အသက်၅နှစ်ကွာတယ်။အခုသူ အစ်ကိုချစ်ရေးဆိုနေတာ 548ခေါက်မြောက်၊ အခုအခေါက်အပါဆို549ခေါက်မြောက်အငြင်းခံရခြင်းဘဲ

မနက်ရောက်တော့ ထုံးစံအတိုင်း အစ်ကိုအိမ်တံခါးဝနားသွားပြီး ဘဲလ်တီးပြီး ဖွင့်လာမှာကိုစောင့်ရတယ်။
အစ်ကိုကသူကိုမချစ်နိုင်ဖူးတာဆိုတယ်
သူအလိုကိုအနည်းနဲ့အများ လိုက်ပေးတယ်။ဥပမာ တစ်ယောက်ထဲရုပ်ရှင်ရုံသွားရမှာပျင်းရင် အဖော်လိုက်ပေးတာမျိုး၊ ဘေးနားကတဂျီဂျီပြောတာကို သည်းခံပြီးနေပေးတာမျိုး။ သံယောဇဉ်တော့ သူအပေါ်ရှိတယ်။

One Shot [VMIN]Tahanan ng mga kuwento. Tumuklas ngayon