Part 1

2.6K 209 18
                                    

1940 ခုနှစ်၊ ဟောင်ကောင်

အာလူးတွေအပြည့်ထည့်ထားတဲ့ ခြင်းကို ထရပ်ကားပေါ်ကချနေရင်း ကျစ်ကျစ်တောက်ပူနေတဲ့ နေမင်းကြီးကို တစ်ချက်မော့လို့ကြည့်လိုက်တယ်။
နေပြင်းတာများ ရိပေါ်ရဲ့ မျက်နှာဖြူဖြူလေးမှာ ခပ်နီနီလေးပင်ဖြစ်ချင်နေပြီ။

"ရိပေါ် အလေးကြီးတွေမနိုင်မနင်းသယ်မနေနဲ့လေ"

ပြောပြောဆိုဆိုနဲ့ပဲ သူ့လက်ထဲက အာလူးခြင်းကြီးကို ဆွဲလုသွားတဲ့ ဟန်တုန်းကျွင်း ကြောင့် ပြန်ချေပချိန်ပင်မရလိုက်။

"အကိုကလည်း ကျွန်တော်သယ်နိုင်ပါတယ်။ လုပ်အားပေးဖို့လာပါတယ်ဆိုမှ"

"နေပူတယ်လေ ရိပေါ်၊ အရိပ်ထဲသွားနေ သွား"

အစကတည်းက စကားနည်းသူမလို့ အများကြီးဖက်ပြိုင်ပြောမနေတော့ပဲ လက်လျှော့လိုက်တော့တယ်။
နှုတ်ခမ်းလေးကလည်း မသိမသာလေးပြုံးမိရင်းပေါ့။

မိဘမဲ့ဂေဟာလေးထဲမှာ လင်အန်းဆိုတဲ့ တက္ကသိုလ်တံဆိပ်ရိုက်နှိပ်ထားသော တူညီဝတ်စုံကို ဝတ်ဆင်ထားတဲ့ ကျောင်းသားကျောင်းသူတွေနဲ့ ပျားပန်းခတ်လို့နေတယ်။
ရိပေါ်တို့က အနုပညာမေဂျာကဖြစ်ပြီး အရပ်ရှည်ရှည်၊ ရုပ်ဖြောင့်ပြီး အနေတည်တဲ့ ဟန်တုန်းကျွင်းက ကျောင်းသူတွေကော၊ ရွယ်တူကျောင်းသားတွေကြားမှာပါ အထူးရေပန်းစားသည်။

ဂေဟာရဲ့ အတွင်းကိုဝင်ဖို့ ခြေလှမ်းနေဆဲမှာပဲ ထရပ်ကားသံခပ်ညံညံနဲ့ ရုတ်ရုတ်သဲသဲအသံတွေကြားလိုက်ရသည်မလို့ နောက်ပြန်လှည့်ကြည့်လိုက်မိတယ်။

"တရုတ်ပြည် နိုင်ရမည်၊ ဖက်ဆစ်ဂျပန်တွေ အကုန်ထွက်သွား"

"တရုတ်ပြည်နိုင်ရမည်"

"တရုတ်ပြည်နိုင်ရမည်"

ခိုပြာရောင်တူညီဝတ်စုံတွေဝတ်ထားတဲ့ စစ်သားတွေစီးနင်းလာသော ထရပ်ကားတွေ သုံးစီးတိုက်မျှဖြတ်သွားသည့်အခါ ဖြတ်သွားဖြတ်လာတွေကော လုပ်အားပေးနေတဲ့ တက္ကသိုလ်ကျောင်းသားတွေကပါ လုပ်လက်စအလုပ်တွေကိုရပ်လို့ တခဲနက်အော်ဟစ်လို့ အားပေးနေလေရဲ့။
ဟန်တုန်းကျွင်းဆို အာလူးခြင်းကြီးကို ပစ်ချလို့ လက်သီးလက်မောင်းတန်းလို့ ကြွေးကြော်နေလေရဲ့။

Loving You Is A Losing GameWhere stories live. Discover now