Part 5

1.4K 177 27
                                    

Song recommendation - Demons by Imagine Dragons

Warning - 🔞🔞 (နည်းနည်း), cross-dressing

"အကိုယီရန့် ကျွန်တော့်ကိုခေါ်တယ်ဆို"

ချန်းယီရန့်က သူ့စားပွဲပေါ်က စာရွက်တွေနဲ့ ရှုပ်နေရင်းက ခေါင်းမော့ကြည့်တယ်။

"ဪ ယဲ့မီ၊ အေး၊ အကို့ကို ဒီဟာလေးတွေ စာကူရိုက်ပေးမလား"

သူ့ကိုပေးလာတဲ့ စာရွက်အထပ်လိုက်ကို ကြည့်လိုက်တော့ ထောက်လှမ်းရေးဌာန ကဝယ်ယူတဲ့ ပစ္စည်းစာရင်း တစ်နှစ်ချုပ်။

"လက်ရေးနဲ့ထက်စာရင် လက်နှိပ်စာနဲ့ဆိုပိုပြီး သပ်ရပ်လို့လေ"

"ဟုတ်ကဲ့။ ကျွန်တော်အခုပဲလုပ်လိုက်မယ်"

▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️

"ယန့်ရှန်းဆိပ်ကမ်းကနေ နှစ်လတစ်ခါ ဂျပန်တွေက ထောက်လှမ်းရေးဌာနအတွက် လိုအပ်တဲ့ လက်နက်တွေပို့တယ်"

နှုတ်ခမ်းလှုပ်ရုံ ခပ်တိုးတိုး ပြောလိုက်ပြီး သတင်းစာစာမျက်နှာကိုလှန်လိုက်တယ်။

"နောက်ဆုံးပို့ထားတာ ဇန်နဝါရီလတုန်းက၊ လတိုင်းရဲ့ ၂၆ရက်နေ့မှာ ပို့တယ်"

"ယန့်ရှန်းကနေ ရုံးကိုရောက်ဖို့ သွားတာ ၂လမ်းပဲရှိတယ်"

"တစ်လမ်းကအရမ်းကျဉ်းပြီး စျေးကိုဖြတ်သွားရတာမလို့ ကားကြီးတွေသွားလို့အဆင်ပြေမှာမဟုတ်ဘူး"

ဟန်တုန်းကျွင်းက သူ့လက်ထဲက စာရွက်ပေါ်က ဂဏန်းပဟေဠိကို ဟန်လုပ်ဖြေနေရင်းခေါင်းငြိမ့်တယ်။

"သိပြီ၊ တော်တယ် ရိပေါ်"

"ကျန်တဲ့သူတွေကော အဆင်ပြေလား"

"ပြေတယ် မင်းဂရုစိုက်ပါ"

▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️

သက်ပြင်းချရင်း လက်ပတ်နာရီကို ငုံ့ကြည့်လိုက်တယ်။
ည၈နာရီတောင်ထိုးတော့မယ်။

ညနေ၆နာရီထိုးကတည်းက သူ့ကို ဒရိုင်ဘာရှီကလာခေါ်ပြီး ကားပေါ်မှာစောင့်ခိုင်းထားတာ။

ကားရပ်ထားရာနေရာက အကျဉ်းထောင်ရှေ့မှာမလို့ လူကပိုလို့ မသက်မသာဖြစ်ရသည်။
ရာသီဥတုကလည်းအေးတာပါသည်။

Loving You Is A Losing GameHikayelerin yaşadığı yer. Şimdi keşfedin