Warning - 🔞🔞🔞🔞🔞
စာရွက်စာတမ်းတွေကို အက္ခရာအလိုက် စီလို့ သတ်မှတ်ထားတဲ့ ပုံးထဲ ထည့်နေရင်း က နာရီကို မော့ကြည့်လိုက်တော့ နေ့ခင်း ၁နာရီခွဲ။
အငယ်တန်းစာရေးအလုပ်က အခုထိတော့ ဘာ သတင်းအချက်အလက်မှ မယ်မယ်ရရ မသိရသေးပါ။
သူ ကိုင်တွယ် စီစစ်ရတဲ့ စာရွက်စာတမ်းတွေကလည်း ရုံးအတွက် နေ့စဉ်လိုအပ်တဲ့ ပစ္စည်းဝယ်စာရင်းတွေသာဖြစ်သည်။"ယဲ့မီ မင်းအတွက်အလုပ် ရှောင်းလူကြီးမင်းက ခိုင်းထားတာရှိတယ်"
နေ့လည်စာသွားစားမယ်ကြံတုန်း စားပွဲပေါ်လာတင်တဲ့ စာရွက်တစ်ရွက်ကြောင့် လာပြောသူကိုမော့ကြည့်လိုက်တယ်။
ချန်းယီရန့်၊ ထောက်လှမ်းရေးဌာနရဲ့ စာရင်းကိုင်။စာရွက်ကိုငုံ့ကြည့်လိုက်တော့ ခပ်သော့သော့လက်ရေးနဲ့ရေးထားသည်က 'ချီမန် လက်ဖက်ခြောက်' တဲ့။
"ရှောင်းလူကြီးမင်း သောက်နေကြ လက်ဖက်ခြောက်လေ။ ရုံးမှာ ကုန်နေပြီမလို့ မင်းကို သွားဝယ်ခိုင်းလိုက်တဲ့"
မျက်ခုံးကြုံ့လိုက်မိတယ်။
ဒီနေ့ ရှောင်းကျန့်ကို ရုံးမှာမတွေ့မိပါ။
ရှောင်းကျန့်က နေ့တိုင်းရုံးကို လာလေ့မရှိပါ။
အထူးသဖြင့် စစ်ကြောရေးရှိတဲ့နေ့များတွင် တစ်နေကုန် နိုင်ငံရေးအကျဉ်းသားများကို ထားရာ အကျဉ်းထောင်တွင် အချိန်ကုန်လေ့ရှိသည်။
တစ်နေကုန် ထိုနေရာမှာ ဘာတွေများလုပ်နေသလဲ တွေးမိရုံနဲ့တင် ကြက်သီးမွေးညင်းထလာမိသည်။"အခုချက်ချင်းသွားရမှာလား အကို"
ချန်းယီရန့်က ပခုံးတွန့်ပြတယ်။
"ရှောင်းလူကြီးမင်းရဲ့ ဒရိုင်ဘာက အပြင်မှာ မင်းကိုစောင့်နေတယ်"
အာ၊ ဒါဆို အခုချက်ချင်းသွားရမှာပေါ့။
"ဒါဆို သွားလိုက်ဦးမယ် အကို"
ပြောတဲ့အတိုင်းပါပဲ၊ ရုံးအောက်မှာ ရှောင်းအိမ်က ဒရိုင်ဘာရှီက ကားနားမှာရပ်လို့စောင့်နေတယ်။
"တက်ပါ ယဲ့သခင်လေး"
"ကျေးဇူးပါ ဦးလေးရှီ၊ ဦးလေးရှီက ကျွန်တော့်ကို လက်ဖက်ခြောက်ဝယ်ဖို့နေရာကို ခေါ်သွားမှာလား"