Warning - နှိပ်စက်တဲ့အခန်းတွေပါပါတယ်။
"ဒါမှမဟုတ်"
"ဝမ်ရိပေါ်လို့ခေါ်ရမလား"
ပြီးဆုံးသွားပြီပဲ။
ရှောင်းကျန့်ရဲ့မျက်နှာကို မော့ကြည့်လိုက်မိတော့ သူ့ကိုအေးစက်စက်မျက်ဝန်းတွေနဲ့စိုက်ကြည့်နေခဲ့ပြီး မျက်နှာလွှဲသွားတယ်။နှုတ်ဆက်ခဲ့ပါတယ်။
လက်ထဲအသင့်ဆုပ်ကိုင်ထားတဲ့ ဆေးလုံးကို ပါးစပ်ထဲပစ်ထည့်လိုက်တယ်။
"အွင့်"
မမြိုချရသေးခင်မှာပဲ သူ့ရဲ့လည်ပင်းက သန်မာတဲ့လက်တစ်ဖက်ရဲ့ ဆုပ်ကိုင်ခြင်းကိုခံလိုက်ရတယ်။
ဟင့်အင်း။
အတင်းမြိုချဖို့ကြိုးစားပေမယ့် နောက်လက်တစ်ဖက်က ပါးတွေကို ဖျစ်ညှစ်ကာ ပါးစပ်ကိုဟလိုက်တာမလို့ ခေါင်းကိုခါထုတ်ဖို့ကြိုးစားမိတယ်။သူ့ကိုအုပ်မိုးကြည့်လာတဲ့ ရင်းနှီးတဲ့မျက်ဝန်းနက်နက်တွေ။
နောက်ဆုံးအနေနဲ့ မျက်ဝန်းတွေနဲ့ အသနားခံမိတယ်။
'သူ့ကိုသေခွင့်ပေးပါ'
မျက်ဝန်းနက်တွေထဲ အရိပ်ကလေးတစ်ခုဖြတ်ပြေးသွားတယ်။
ခဏလေးပါပဲ။
မြန်လွန်းလို့ သူမြင်ယောင်လိုက်တာများလား ထင်မိတယ်။ပါးကိုညှစ်ထားတဲ့လက်က လက်ညှိုးကိုအသုံးပြုလို့ သူ့ပါးစပ်ထဲက ဆေးလုံးကိုထုတ်ယူသွားတယ်။
ရှောင်းကျန့်က သူ့ကိုလွှတ်ပေးလိုက်တာနဲ့ တပြိုင်နက် ကြမ်းတမ်းတဲ့လက်တွေက သူ့လက်တွေကိုဆွဲလိမ်လို့ နောက်ပြန်လက်ထိပ်ခတ်တယ်။
"သူ့ကို အကျဉ်းထောင်ဆီကိုခေါ်သွား၊ ငါကိုယ်တိုင်စစ်ဆေးမယ်"
"နိုး နိုး နိုး ရှောင်းလူကြီးမင်း အထင်လွဲနေပြီ"
ရှောင်းကျန့်က သူ့ကိုချုပ်ထားတဲ့ စစ်သားတွေအား အမိန့်ပေးနေသည်ကို ချန်းမိုကျွင်းက လက်ညှိုးကို ဘယ်ညာယမ်းရင်း စကားဝင်ဖြတ်တယ်။
"ဒါ ကျွန်တော်ဖော်ထုတ်ထားတဲ့ အမှုမလို့ ကျွန်တော်ကိုင်တွယ်ရမှာလေ"