Best Part Of Me (XZ's pov)

1.5K 196 12
                                    

ချစ်ခြင်းမေတ္တာဆိုတာဘာများလဲ။

ငယ်စဉ်ကတည်းက ကြင်နာယုယပေးမယ့် မိခင်မရှိပဲ အာဏာစည်းစိမ်ကိုသာ မက်မောတဲ့ ဖခင်ဖြစ်သူရဲ့ အုပ်ထိန်းမှုအောက်မှာ ကြီးပြင်းလာခဲ့တဲ့ ရှောင်းကျန့်ဟာ ချစ်ခြင်းမေတ္တာကို ကြုံတွေ့ခံစားခဲ့ရခြင်းမရှိဘူးဆိုတာ သိပ်တော့ အံ့ဩစရာမဟုတ်ဘူး။

ကိုယ်တိုင်နှစ်သက် မြတ်နိုးတဲ့ သီချင်းတွေ၊ ပန်းချီကားတွေကို စွန့်လွှတ် ချောင်ထိုးခဲ့ပြီး ဖခင်ဖြစ်သူရဲ့ စိတ်တိုင်းကျ နိုင်ငံရေးလောကထဲဝင်ခဲ့တယ်။
ဒီလောကထဲမှာ သူ့ကိုမျက်နှာပန်းလှစေမယ့် အမျိုးသမီးကို ဖခင်စိတ်တိုင်းကျလက်ထပ်ခဲ့တယ်။

ဖခင်ဖြစ်သူ ကွယ်လွန်သွားချိန်မှာ သူသိပ်မြတ်နိုးခဲ့တဲ့ အနုပညာတွေဆီကိုပြန်သွားဖို့ သိပ်နောက်ကျခဲ့ပြီ။
မကောင်းမှူပေါင်းများစွာကို လုပ်ကိုင်ခဲ့တဲ့ သူ့လက်တွေဟာ သွေးစွန်းလို့ သူ့နှလုံးသားဟာလည်း နက်မှောင်ခဲ့ပြီ။
သိပ်သဘောကျခဲ့တဲ့ သီချင်းတွေကို နားထောင်လို့မရတော့ဘူး။
သိပ်မြတ်နိုးခဲ့တဲ့ ပန်းချီကားတွေကို နက်မှောင်တဲ့ နှလုံးသားက မခံစားတတ်တော့ဘူး။

အံ့ဩဖို့ကောင်းစွာပဲ ဒီအမျိုးသားငယ်လေးကို မြင်လိုက်ရချိန်မှာ မသိစိတ်ကနေ ကဗျာတွေရေးဖွဲ့တယ်။
ကြည်လင်တဲ့ မျက်နှာလေးအကြောင်း သီချင်းတွေ သီကုံးလို့ဆိုချင်တယ်။
တပြိုင်တည်းမှာပဲ ဘဝမှာ တစ်ခါမှမဖြစ်ခဲ့ဖူးတဲ့ လောဘမျိုးနဲ့ ဒီအမျိုးသားလေးကို ပိုင်ဆိုင်ချင်မိတယ်။

မရင်းနှီးတဲ့ ခံစားချက်တွေက ကြောက်ဖို့ကောင်းပါတယ်။
ခဏတွေ့ချိန်လေးမှာတောင် သူ့စိတ်ကို ဒီလောက်လွှမ်းမိုးနိုင်တာ၊ ကြာကြာများတွေ့ရလို့ သူ့စိတ်တွေအထိန်းအကွပ်မဲ့သွားရင် ဘယ့်နှယ့်လုပ်မလဲ။

▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️

ဒီလိုဘာမဟုတ်တဲ့ ကလေးသာသာ ကောင်လေးတစ်ယောက်က သူလိုလူတစ်ယောက်ရဲ့စိတ်ကို ဘာကြောင့် ဒီလောက်တောင် လွှမ်းမိုးနိုင်ရတာလဲ။

စိတ်ရဲ့လှည့်ကွက်တွေပဲဖြစ်မယ်။
ပိုင်ဆိုင်လိုက်ရရင်၊ ဖျက်ဆီးပစ်လိုက်ရရင် နေသာထိုင်သာရှိသွားပြီး မေ့ပျောက်သွားမယ်ထင်ရဲ့။

Loving You Is A Losing GameWhere stories live. Discover now