present for Dia_Eun
။
။
( A/N ; ခေတ်အသုံးအနှုန်းတွေ အကြောင်းအရာတွေမှာ အမှားများပါခဲ့ရင်ခွင့်လွှတ်ပေးဖို့ အနူးအညွတ်မေတ္တာရပ်ခံအပ်ပါတယ်။)
။
။13 နှစ်သားအရွယ်သာရှိသေးတဲ့ ပတ်ခ်မျိုးရိုးသခင်လေးအတွက် 17 နှစ်အရွယ်အိမ်ရှေ့စံဟာ သိပ်ကိုကြောက်ဖို့ကောင်းနေခဲ့တယ်။
စာပေရေးရာအမတ်ရဲ့သားဖြစ်တဲ့အလျောက် စာအုပ်တွေကိုသာစိတ်ဝင်စားတဲ့ကလေးကို အိမ်ရှေ့စံဟာသူ့ကိုယ်ရံတော် လုပ်ကိုလုပ်ရမယ်ဆိုပြီး ဓားရေးတွေသင်စေခဲ့တယ်...
ကလေးလေးကအိမ်ရှေ့စံကို ကြောက်ပေမယ့်သံယောဇဉ်ကြီးသူမို့ ပေရွက်တွေသာကိုင်ခဲ့တဲ့ လက်နုနုလေးက ဓားတွေကိုင်တတ်လာခဲ့လေရဲ့....ငယ်ရွယ်သေးတဲ့ကလေးငယ်တစ်ယောက်မို့ ဓားရေးသင်ရတာသိပ်ပင်ပန်းခဲ့တာကြောင့် ဖျားသွားခဲ့တဲ့နေ့ရက်တွေမနည်းခဲ့...ဒါကြောင့်လည်းအိမ်ရှေ့စံဟာ ပတ်ခ်သခင်ငယ်လေးကို အသက်18နှစ်ရောက်မှသာ သူ့အပါးမှာအမြဲရှိနေရမယ့် ကိုယ်ရံတော်ဖြစ်ရမယ်လို့ အမိန့်ချထားခဲ့လိုက်တယ်။
အိမ်ရှေ့စံရဲ့စကားတစ်ခွန်းဆို တစ်ခွန်းနာခံတတ်တဲ့ကလေးငယ်ဟာ အိမ်ရှေ့စံအတွက်တော့ ကစားစရာအရုပ်တစ်ရုပ်ကောက်ရလိုက်သလိုမျိုး ပျော်ဖို့ကောင်းတဲ့အရာလေးဖြစ်ခဲ့တာပေါ့....
'' ဟွန်း မင်းစာရေးနေတာလေးကလည်း သိပ်လှတာပဲ ''
အိမ်ရှေ့စံအနားမှာနေတိုင်း ဓားရေးတွေသာသင်ရတဲ့ကောင်လေးငယ်ဟာ တစ်ယောက်ထဲနေချိန်တွင်မှာတော့ ကဗျာလှလှလေးတွေရေးဖွဲ့နေတတ်သည်။
ဒီအချိန်တွေဆို အိမ်ရှေ့စံဟာ မရမကလိုက်ရှာပြီး နှောက်ယှက်ပြန်တယ်...'' ယောကျ်ားလေးတစ်ယောက်ကို လှတယ်လို့မသုံးနှုန်းသင့်ပါဘူး အရှင့်သား ''
15 နှစ်အရွယ်ပတ်ခ်သခင်လေးဟာ အိမ်ရှေ့စံကိုပြန်ပြောလာတတ်နေပြီ။
ဒါကိုအိမ်ရှေ့စံဟာလုံးဝမကြိုက်... လက်ထဲကဓားကိုခုံပေါ်တင်လိုက်ပြီး ထပ်ပြောရဲရင်ပြောကြည့်ဆိုပြီး မျက်ခုံးကိုပင့်ပြလိုက်သေးတယ်။ ပတ်ခ်သခင်လေးက အိမ်ရှေ့စံကိုကြောက်သူမို့ မျက်လုံးချင်းဆုံရုံနဲ့ ချက်ချင်းအကြည့်လွှဲကာ စာကိုပဲပြန်ငုံ့ရေးနေလေရဲ့။

ESTÁS LEYENDO
'' That's all my...''
Fanfic'' ပြာလဲ့နေတဲ့ကောင်းကင်ကြီးကို ကြည့်မိတိုင်း မင်းကိုလွမ်းလိုက်တာ ဟွန်းရယ် ''