ဒီနေ့ကတော့ ကြည်နူးစရာနေ့လေး ...
ဘာနေ့လဲဆိုတော့ Valentine's Day တဲ့။ အချစ်ငှက်ကလေးတွေအတွက် တစ်တီတူး ချစ်ကြည်နူးလို့ကောင်းတဲ့နေ့ပေါ့။ ပတ်ဝန်းကျင်မှာမြင်မြင်သမျှအချစ်စိတ်ကြောင့် အရာရာလှပနေမယ့်နေ့ဆိုလည်း ဘယ်မှားမလဲနော်။
ဒါမယ့် ဂျယ်ယွန်းအတွက်တော့ဟုတ်မနေပါဘူး။ ဟိုနားမှာ ပူးနေတဲ့စုံတွဲတွေတွေ့လိုက် ဒီနားမှာကပ်နေတဲ့စုံတွဲတွေတွေ့လိုက် မနက်တည်းက မျက်လုံးတွေကိုနောက်နေတာပဲ။
"ဟိတ်ကောင် ! ဂျယ်ယွန်းလေး ... မြန်မြန်လာလို့"
အဲ့တာပဲ ကြည့် ...
သူ့ရည်းစားနဲ့သူသွားတွေ့မှာကို တကူးတကအဖော်လိုက်ပေးရတာ။ ကိုယ့်ဟာကိုယ်တောင် အေးဆေးနေခွင့်မရှိတဲ့ဘဝ။
"ဂျယ် ..."
"မင်းပါးစပ်ကိုပိတ်ထားလိုက်တော့ ဂျုံဆောင်း !"
ဘေးနားကနေ တောက်လျှောက်နားညီးလာတဲ့သူကို
ဂျယ်ယွန်းပြန်အော်လိုက်တော့ ခြေလှမ်းတို့က တုံ့ကနဲ။"မင်းကြောင်ဝါလေးနဲ့တွေ့မှာဆိုလည်း မြန်မြန်သွားလိုက် ! ငါတံတားပေါ်ကနေစောင့်နေမယ် ! နားတွေလည်းညီးနေပြီ !"
ဂျယ်ယွန်းအပြောကို မျက်တောင်တွေပုတ်ခက် ပုတ်ခက်နဲ့ နားထောင်နေတဲ့ ဂျုံဆောင်း။
"ဟာ ... ဝမ်းသာတယ် သူငယ်ချင်းရာ ! ဒါဆို ငါသွားမယ်နော် !"
ဘယ်ချိန်တည်းကဒီစကားကြားချင်နေလဲမသိ။
ဂျယ်ယွန်းကိုအတင်းတွေဖက်နေတာမို့ မနည်းခွါချနေရသည်။ အဲ့ကျတော့လည်း ချက်ချင်းကို ထွက်သွားတော့သည်။"ပြာယာတွေကိုခက်လို့ မျက်လုံးတွေကိုနောက်နေတာပဲ"
ဂျယ်ယွန်းခပ်တိုးတိုးရေရွတ်ရင်း တံတားပေါ်ကိုဖြတ်လျှောက်လာသည်။
စျေးသည်ကလေးတွေနဲ့ စျေးတန်းလေးလိုဖြစ်နေတဲ့နေရာလေးမှာလည်း ဒီအတွဲတွေကိုမြင်နေရတာပဲ။ ပန်းခြံထဲမှာလည်း ဒီအတွဲတွေရှိနေတာပဲ။
စိတ်ညစ်နေပြီ အဲ့လိုချစ်ကြည်နူးနေတာတွေ မမြင််ချင်တော့ဘူးလို့။ မျက်စိနောက်လွန်းလို့ အကုန်လုံးပြတ်သွားကြရင်ကောင်းမယ်။