အခုလက်ရှိ ဆောင်းဟွန်းတို့က 24 hours store တစ်ခုကိုရောက်နေသည်။ မနက်စောစောဂျယ်ယွန်းကိုကော်ဖီဆိုင်လိုက်မပို့ခင် ရှယ်ရီ့အတွက်လိုအပ်တာတွေ ဝယ်ပေးဖို့ဖြစ်သည်။
"သမီးက ဘာအရောင်လေးယူမှာလဲ"
"အဝါ ! အဝါ !"
ဂျယ်ယွန်းလက်ထဲမှာသွားတိုက်တံရောင်စုံလေးတွေကိုင်ထားပြီး ရှယ်ရီ့ကိုမေးနေခြင်းဖြစ်သည်။ ဆောင်းဟွန်းကတော့ စျေးဝယ်တွန်းလှည်းကိုတွန်းနေပြီး အဲ့တွန်းလှည်းထဲမှာ အမွှေစိန်ရှယ်ရီတို့ကဝင်ထိုင်နေသည်။
"ပါပါးက ဒါ ၊ ဒယ်ဒီက ဒါ"
သူ့အတွက်သူရွေးပေးပြီး တစ်ဆက်တည်းမှာပဲ
ဂျယ်ယွန်းနဲ့ ဆောင်းဟွန်းအတွက်ပါရွေးပေးသည်။ဂျယ်ယွန်းအတွက်က အဝါနဲ့အဖြူနဲ့စပ်ကြားလေးဖြစ်ပြီး ဆောင်းဟွန်းအတွက်ကအဖြူချည်းဖြစ်သည်။
ရှယ်ရီ့ဟာလေးကတော့ တစ်ချောင်းလုံးအဝါလေးပင်။"ပါပါး ရေခဲမုန့်"
လိုအပ်တာတစ်ချို့ပါဝယ်နေရင်း ငွေရှင်းကောင်တာနားလေးက ရေခဲမုန့်ကိုလက်ညှိုးထိုးကာ ပူဆာတော့သည်။
"တော်ပြီ သမီးငယ် ! ချောင်းဆိုးမယ်လေ ... မနက်အစောကြီးပဲရှိသေးတာ"
ဂျယ်ယွန်းကမဝယ်ကျွေးချင်လို့မဟုတ်ပဲ ချောင်းဆိုးမှာစိုးလို့ဖြစ်သည်။ နှလုံးအားနည်းတာအပြင် ချူချာတဲ့ကလေးလားသေချာမသိရသေးတာမို့ အလိုလိုက်ချင်သော်လည်း အရဲမစွန့်ရဲသေးပါ။
ရှယ်ရီလေးကတော့ လိုချင်တာမရတော့ ဆူပုတ်ပုတ်လေးဖြစ်သွားသည်။ ပြီးတော့ချက်ချင်းပဲ သူ့ဒယ်ဒီဘက်လှည့်ကာ စစ်ကူတောင်းသည်။
"ဒယ်ဒီ့ ..."
မျက်နှာငယ်လေးနဲ့ခေါ်လာတော့ ဆောင်းဟွန်းလည်းမငြင်းနိုင်။
"ဂျယ် ..."
"ဘယ်စစ်ကူမှခေါ်မလာနဲ့ ! သားဖနှစ်ယောက်လုံးဆူခံရမယ်"
ဆောင်းဟွန်းဘာမှကူမပြောရသေးခင် ဂျယ်ယွန်းကပိတ်ပြောလိုက်သည်။ ဆောင်းဟွန်းလည်းသူမတတ်နိုင်ဘူးဆိုတဲ့သဘောနှင့်ရှယ်ရီ့ကိုကြည့်သည်။ ငိုမဲ့မဲ့လေးဖြစ်လာတာမို့ ဆောင်းဟွန်းတိတ်တိတ်ကလေး
ဂျယ်ယွန်းမသိအောင်ဝယ်ကျွေးဖို့ဆုံးဖြတ်လိုက်သည်။