"ဘယ်လိုလဲ"
"ညတုန်းက အိပ်လို့ကောင်းတယ်မို့လားဂျိတ်ခ်""နွေအကြွင်းမို့ထင်တယ်
လေတွေက နည်းနည်းတော့အရိုင်းဆန်တယ်"ဖြစ်သလိုခင်းအိပ်ကာအသုံးပြုခဲ့သဖြင့်သတင်းစာအနွမ်းများကတစ်နေရာစီကြဲနေသည်မည်၏။
အမှိုက်သရိုက်ကောက်ရာကနေလေသာဆောင်မှခပ်ရေးရေးမြင်ရတဲ့Ljubljanicaမြစ်သွယ်ထံJakeလှမ်းငေးလိုက်သည်။
မြစ်ရေမှာမျက်နှာပြင်အောက်သန္တာကျောက်အမှီပြုသည့်နှယ်၊ စိမ်းစိုဖန့်၍လဲ့ခြင်းလိမ့်။
လေပူ၊ နေပူပူကြားနံနက်စာလစ်ဟင်းနေသော အစာအိမ်များကို ပူပူနွေးနွေးအဆာသွပ်မုန့်တွေ ဆက်တိုက်လို တောင့်တလာစေသည်အထိ လတ်ဆတ်နေခဲ့သည်။
"မြို့တော်က သပ်ရပ်လိုက်တာဗျာ
ဗရမ်းဗတာ နံနက်တာကြားကနေ
ဒီလိုလှတပတမြို့ပြကိုမြင်စိမ့်ရတာလည်း
နိဗ္ဗာန်တစ်ဘုံထင်ပါရဲ့""ဟုတ်တာပေါ့ ဂျိတ်ခ်ရဲ့
ဒါတင်ဘယ်ကမလဲ
မြို့ပြအကြောင်းချီးမွှမ်းခန်းဖွင့်ရင်
တိုးတက်မှုကြားက ဆုတ်ယုတ်လာတဲ့
အနာအဆာပြယုဒ်တွေဆီလည်း
မေ့ထားလို့တော့မဖြစ်ဘူးအင်း...
လူ့မျိုးနွယ်ဗီဇသဘာဝကိုကလည်း
ဆူးမြင်လျက်တောင်
ဒီနှင်းဆီလှချည်ရဲ့၊ရတဲ့နည်းနဲ့ ပန်ရစ်မယ်
ဆိုပြီးကို သာယာမှုအပေါ်
ပိုလိုက်စားချင်ကြတာမဟုတ်လား"ကြမ်းခင်းပေါ် Jayက ဒုတိယအကြိမ်မြောက် လှဲချလိုက်သည်။ ဤအကြိမ်တွင်တော့ အကာအရံများက ဗလာဟင်းလင်းလျက်ပင်။
"ဟူး..."
"အဲ့ဒီလို လောဘခပ်သေးသေးတွေကနေ
အရာရာခြယ်လှယ်ချင်စိတ်ဆင့်ကဲတဲ့အခါ
ပြည်တွင်းစစ်၊ကမ္ဘာစစ်အထိပါ
ထိန်းမှမရတော့ဘဲလေဒီနေရာမှာ
မီးစတွေဟာ ရှို့တဲ့လူတွေဆီ
တန်ပြန်မသက်ရောက်ဘဲ
နံဘေးက ရပ်ဝန်းကိုသဲ့တာပဲ""ဒါပေါ့ ခင်ဗျားကလည်း"
"ခုလည်း ဟစ်တလာရှို့နေတဲ့မီးမှာ
အလုပ်လက်မဲ့ အခြေခံလူတန်းစားတွေဆီ
ဘယ်လောက်များ ထပ်လောင်ရဦးမလဲခက်တာက ...
ကျုပ်တို့လဲ ကူညီပေးလို့မစွမ်းသာဘူး
သူတို့ခေါင်းထဲ သံမှိုစွဲနေတဲ့
မျိုးချစ်စိတ်အမည်ခံ တလွဲလောင်စာတွေကို
သူတို့ကိုယ်တိုင် အသွင်းခံကြတာဆိုတော့လည်း"