အခန်း ၇

240 52 46
                                    

ယမန်ညဦးက ဝဿန်မိုးရေသောင်တင်ခဲ့သဖြင့် နုန်းမြေဝန်းသော တောလမ်းဧရိယာတွင် လွယ်လင့်တကူ သွားလာရန် ခဲယဥ်းလှသည်တိုင်..၊

စစ်ရေးပြလေ့ကျင့်နေသည့် ဆလိုဗင်န်စစ်သည်တော်အများစုထံမှ စစ်ဖိနပ်ခွာသံတို့က ကျယ်ကျယ်လောင်လောင် ပဲ့တင်ထပ်လာ၏။

မီးခိုးမှိုင်းလှိုင်းထနေသော ကောင်းကင်ယံကဗ္ဗလာထက်ဝယ်၌ ကြည်လင်ပြတ်သားမှုသည် ဘယ်ဆီမှာမြန်းလေသနည်း မေးခွန်းထုတ်ရလောက်အောင် အရာရာသည် နတ္ထိနီးပါး မိုက်မည်းလွန်းလှချေသည်။

သည်ကနေ့ဆို Jakeနှင့်Benjaminအတွက် စစ်ဆင်ရေးလေ့ကျင့်ခန်းအလီလီနွှဲခဲ့ရခြင်း သုံးလတာနီးပါးလွန်မြောက်လာပြီဖြစ်သည်နှင့်အညီ စစ်ခုံရုံးထံမှ ကြေးနန်းရိုက်ထားပြီးဖြစ်လေရာ။

စစ်သည်တော်အားလုံး၏ အသိတရားကိုယ်စီတွင် မိမိတို့သည် ဒီရက်ပိုင်းအနှေးနှင့်အမြန် ရှေ့တန်းထွက်ရတော့မည်ဆိုသည့်အသိက လှိုက်မောစေ၍ တလှပ်လှပ်ရင်ဖိုရပါ၏။

ဒုတိယကမ္ဘာစစ်အား ရည်ရွယ်ဦးတည်နေကြသော စစ်မက်ဆိုင်ရာပဋိပက္ခကြီးအကြောင်းတွေးဆမိတိုင်း Jakeသည် မောပန်းနွမ်းနယ်လျက်နှင့်ပင် အိပ်မောမကျနိုင်။

သည်တလော အကြောင်းအမျိုးမျိုးကြောင့် ဗိုလ်မှူးEthanနှင့်သူပက်ပင်းတိုးမဆုံခဲ့ရသည်မှာလည်း အတော်ကြာပြီဖြစ်ရာ စိတ်ထဲတွင် မဖြစ်စဖူးသော အလွမ်းထုထည်တမျိုးကို ရင်ဝယ်ထွေးပိုက်မိသ​ယောင်ခံစားမိနေရသည်ရဲ့။

ယခင်ရက်သတ္တပတ်တွေတုန်းကတော့ Mariborက ခပ်ကျဥ်းကျဥ်းလမ်းသွယ်များထဲ ခဲရာခဲဆစ်လေ့ကျင့်ရေးဆင်းခဲ့ရတုန်းက သူ့အနားတွင် လမ်းပြဟန်နှင့် ဂျင်န်နရယ်လ်က စစနောက်နောက်အမြဲရှိခဲ့သည်။

တလောကဆို ဂျင်န်နရယ်လ်က သူ့တစ်ဦးတည်းကိုသာ အပြစ်ပေးလိုဟန် ခေါ်ထုတ်ပြီး၊လူသူမဲ့သော  အိမ်အိုတစ်လုံးပေါ်က သွပ်မိုးပြင်တွင် မှီချကာ သူတို့နှစ်ဦး ဘာဆိုဘာမှမပြောဖြစ်ကြဘဲ ကြယ်တွေထံသာ ပြိုင်တူငိုင်ငေးကြည့်ခဲ့ပါသေး၏။

ထိုနေ့ညတုန်းကတော့ မာနတရားနှင့်အာဏာစက်ကို အမြဲတစေ ရင်ဝယ်ပိုက်ထားလေသူအဖြစ် လေ့ကျင့်ရေးတပ်သားတွေအတွင်း နာမယ်ကြီးနေကြ Ethanရဲ့ပြယုဂ်မျိုးကို Jake တွေ့မြင်ခဲ့ရသည်မဟုတ်ပါ။

Hai finito le parti pubblicate.

⏰ Ultimo aggiornamento: Sep 19 ⏰

Aggiungi questa storia alla tua Biblioteca per ricevere una notifica quando verrà pubblicata la prossima parte!

Fate of ZvezdaDove le storie prendono vita. Scoprilo ora