အခန်း ၆

330 61 32
                                    

"ဂျင်န်နရယ်ကို ပြန်မြင်ရလို့
ကျုပ်ဖြင့် လွှတ်ဝမ်းသာတာပဲ"



အားကုန်ခဲကာ ဝေ့ယမ်းတော့မည့်မတတ် ဖျတ်လတ်စွာ နှုတ်ဆက်လာတဲ့ မြို့တော်ဝန်ရဲ့လက်ဖမိုးတွေ...။


ဖုံးဖိသမျှ ဟန်ဆောင်မျက်နှာဖုံးများအား အလိုအလျောက် ထိုးဖောက်မြင်သိရတဲ့အခါ Ethanသည် နဖူးတပြင်လုံးထက် ချွေးစေးပြန်မတတ် အသည်းဝယ် ခိုက်ခိုက်တုန်ချင်တော့၏။


တာဝန်ဟူသည် ဝတ္တရားဆောင်ရွက်ရန်သီးသန့် တင်မြှောက်ခံလိုက်ရသော လူငယ်ဘဝရဲ့ပခုံးထက် အလေးလံဆုံး ဝန်ပိစေသော ဒြပ်မဲ့ခဲတစ်စမှန်း Ethan လက်ခံထားသည်။



တပ်ရင်းထဲ ခုံရုံးလူကြီးအပေါင်းအပါတွေ အလည်ဆိုက်လာသည့်အခါ ချိုမြမြအပြုံးတချို့နှင့်အတူ တင်းကြပ်ယုတ်မာသောစီမံကိန်းများ တစ်ပါးတည်းကပ်ပါတတ်လေရာ နှုတ်ဆက်ခြင်းတိုင်းက ကြိုလင့်စရာမကောင်းမှန်း Ethanကို နားလည်စေသည်လေ။


အသက်ဆယ့်ခုနစ်နှစ် တပ်သားဘဝနှင့် ရှေ့တန်းသို့ ပထမဆုံးထွက်ရချိန်တုန်းတည်းက ကိုယ်ထိလက်ရောက်ကျူးလွန်တတ်သော အထက်လူကြီးများစွာကို Ethan တွေ့ကြုံခဲ့ပြီးပြီ။


ထိုစဥ်တည်းက Ethanလိုအာရှနွယ်ဖွား ကပြားတစ်ယောက်အဖို့ တိုင်ပင်နှီးနှောဖလှယ်နိုင်စရာ မိတ်ဆွေမြူတစ်စမျှပင်မရှိခဲ့ပါ။

တပ်ကြပ်ဂျေးနှင့် သိစကမှ သူ့နည်းထပ်တူ ဤနေရာဇာစ်မြစ်တွင် ယောင်လည်လည်ဝဲသော အာရှနွယ်ဖွားကပြားလူမျိုးတွေ ဒုနှင့်ဒေးရှိမှန်း Ethan စတင်လက်ခံလိုက်ရတာ...။





"ကြွပါ မစ္စတာလင့်ခ်
ခင်ဗျားက သံကြိုးမရိုက်တော့
ကျုပ်တို့မယ် ဘာမှတောင်မပြင်ထားဖြစ်ဘူး"


"တကူးတက ရိုးမယ်ဖွဲ့စရာမလိုပေါင်။
လာရင်းကိစ္စကလည်း
ကမ္ဘာစစ်ထပ်ဖြစ်လာဖို့ ဦးတည်နေတဲ့
ပြည်တွင်းအုံကြွမှုနဲ့ပက်သတ်ပြီး ၊
ဂျင်န်နရယ်လ်ဘက်က ပြင်ဆင်ထားတာတွေ
ကျုပ်အနေနဲ့ အကြမ်းဖျင်းသိလိုရုံလေး.."

"စစ်မက်ဆိုင်ရာဝန်ထမ်းဌာနတွေကိုကလွဲ
ကျုပ်တို့မှာ ပြောရေးဆိုပိုင်ခွင့်
အင်မတန် တားမြစ်ပါတယ်။
မြို့တော်ဝန်ကိုတော့ မျက်နှာပူရဲ့"



Fate of ZvezdaDonde viven las historias. Descúbrelo ahora