အခန်း ၄

640 110 82
                                    

အာရုဏ်မတက်ခင်စပ်ကြားမို့ ကောင်းကင်ယံသည် မြူနှောဖုန်စတချို့ဖြင့်လေ့ကျင့်ရေးကွင်းပြင်တစ်ခုလုံးကို မှောင်ပိန်းချထား၏။

အတော်လေး မိုက်ကာမှောင်သည်မဟုတ်ဘဲ၊ ခဲရင့်ရောင်သန်းခြင်းမျိုးပင်လိမ့်။

သလင်းမြေ၌လှုပ်လီလှုပ်လဲ့ဒုန်းစိုင်းဝင်ရောက်လာသောမြင်းခွာသံရဲ့လားရာအားစစ်သည်တော်အားလုံးနီးပါး ပြိုင်တူကြည့်ချိန်မှာ၊ အိပ်မှုန်စုန်မွှားဖြင့်ပင် Jakeလည်း ငိုင်ငေးနေမိသည်။

စည်းချက်မကျသည့်ခြူဆွဲသံတိတ်သွားသည်နှင့်တပြိုင်တည်းမှာပင်၊မြေပြင်သို့ဖြေးဖြေးချင်းစီ ခြေချမင်းမူလာသည် ထိပ်ချွန်စစ်ဖိနပ်တစ်ရံကြောင့် ရပ်ဝန်းမှာ ဆိတ်ငြိမ်သားကျလို့။

ဗိုလ်မှူးEthanရဲ့အာဏာစက်ဟာသူပုံဖော်ထားခဲ့သမျှထက်ပင် ကိန်းခန်းမြင့်ပါရဲ့။

သူနှင့်နံဘေးကပ်ရပ်မှာ အတောင့်သားရပ်နေတဲ့ Benjaminအား မထိတထိတို့လျက်ပင်...၊

"ဘန်ဂျမင်"
"ဘန်ဂျမင်"

"ဟေ့ရောင်"
"ကြားသွားဦးမယ်"
"ပထမဆုံးနေ့ထဲက အပြစ်ပေးမခံချင်ဘူး"

"ဟိုလေ..."
"ဂျင်န်နရယ်က ကလေးဗိုလ်နဲ့ပိုမတူဘူးလား"

"ငါတို့ဘေးခြံကအစိမ်းရောင်ဦးထုပ်လေးတစ်လုံးနဲ့လျှောက်ပတ်ပြေးနေတဲ့ နီရှီနဲ့တောင်တူသေး"

ကပြောင်ကချော်အမူအရာကြား လှမ်းပြောနေတဲ့ Jakeအသံဟာ ခပ်တိုးတိုးလေးရယ်ပါ။

သို့သော် ဆိတ်ငြိမ်ခြောက်ကပ်သော လေထုထဲမှာ ပီပြင်စွာပဲ့တင်ရိုက်ခတ်သွားတာမို့အစိမ်းရောင်ထိပ်ချွန်ဖိနပ်ရဲ့ ဦးတည်မှုက Jakeရပ်ရာ ဒုတိယတန်းတစ်ဝိုက် တဖြေးဖြေးနီးကပ်လို့။

မိုးဖွဲမသည်းသော လေဟာနယ်ကနေ စွတ်စိုမှုတချို့ကို ခြေရာခံကြည့်တော့ Jake၏ နဖူးစပ်ဖျားမှ ချွေးစများသာဖြစ်နေခဲ့သည်။

"ဘယ်ကောင်လဲ"
"ခုနက ဘယ်ကောင်စကားပြောလိုက်တာလဲ"

မိုးလုံလေလုံမဟုတ်သောလေဟာပြင်သလင်းမြေထဲ ဗိုလ်မှူးရဲ့အသံဟာ ဟိန်းထွက်လာ၏။

Fate of ZvezdaDonde viven las historias. Descúbrelo ahora