Chapter 11~Is it impossible to start over?~

1.2K 83 6
                                    

~There's nothing left here to remind me, but just a memory of your face~

ဒီနေ့သူနောက်ကျသွားတာမို့လို့ ကိုသြဒိသကိုသူတွေ့ရမယ်လို့မထင်​တော့တာကြောင့် ရဲစစ်ကိုမနက်စာအိမ်ပြန်စားကြမယ်လို့ပြောပြီး သူတို့ခဏ​လောက် နားနေကြနေရာမှာနားပြီးတာနဲ့ အိမ်ပြန်ဖို့လုပ်သည်။

"ပြန်တော့မှာလား"

မနက်စာဝယ်ပြီး အိမ်ပြန်တော့မလို့အလုပ်မှာ ငွေ့သက်ရှိန်ကြားလိုက်ရတဲ့အသံကြောင့် သူ့မျက်နှာက ချက်ချင်းကိုတောက်ပလာသည်။ သူလှည့်ကြည့်လိုက်တော့ အပြုံးနဲ့သူ့ကိုစောင့်ကြိုနေတဲ့သူတစ်ယောက်ကို တွေ့လိုက်ရသည်။

"ကိုသြဒိသ"

"ကိုယ်နောက်ကျသွားလား"

ငွေ့သက်ရှိန်ခေါင်းခါပြလိုက်သည်။ ရဲစစ်က သူနဲ့ကိုသြဒိသကို တစ်လှည့်စီကြည့်ပြီး မေးခွန်းတွေဖြစ်နေသည်။ ကိုသြဒိသဘက်ကလည်း ရဲစစ်ကိုသတိထားကြည့်နေတာကိုမြင်ရသည်။

"ဘယ်သူလဲ"

သူ့အနားကိုနီးနီးကပ်ကပ်တိုးလာပြီး တိုးတိုး​လေးနဲ့ ရဲစစ်ကမေးလာတော့ ငွေ့သက်ရှိန် ရဲစစ်ကို ကိုသြဒိသနဲ့ မိတ်ဆက်ပေးလိုက်သည်။

"သူက ကျွန်တော်ပြောပြောနေကြသူငယ်ချင်း။ နာမည်က ရဲစစ်"

ပြီးတော့ရဲစစ်ကိုလည်း ကိုသြဒိသနဲ့ သူပြန်ပြီးမိတ်ဆက်ပေးလိုက်သည်။ ကိုသြဒိသက သူပြောပြောနေကြတစ်ယောက်လို့ ရဲစစ်ကိုပြောပြတော့ ရဲစစ်ဆီက ဖော်ပြလို့မရတဲ့အကြည့်နဲ့ အကြည့်ခံလိုက်ရသေးသည်။

"အစ်ကို့အကြောင်းကို ငွေ့သက်ကခဏခဏပြောနေလို့ သိထားတယ်။ လူကတော့အခုမှမြင်ဖူးတော့တယ်"

"အစ်ကိုရောပဲ။ ငွေ့သက်က သူ့သူငယ်ချင်းအကြောင်းအမြဲထည့်ထည့်ပြောလို့ ကြားဖူးနားဝရှိတယ်။ အခုတွေ့လိုက်ရတော့ ဝမ်းသာတယ်"

နှစ်ယောက်သားက စကားချိုချိုသာသာနဲ့အပြန်အလှန်လက်ဆွဲနှုတ်ဆက်ပြီး စကားဘောင်ဘင်ခတ်ပြောတော့သည်။ ငွေ့သက်ရှိန် တစ်ယောက် သူကတောင် ကြားလူဖြစ်သွားရတဲ့ခံစားချက်ဝင်လာသည်။

"မနက်စာတူတူစားကြမယ်လေ။ မိတ်ဖြစ်ဆွေဖြစ်အစ်ကိုဒကာခံပါ့မယ်"

Writing Pages Over Story ~💔~ လေပြေလွင့်စင်သွားသောအရပ် (Completed)Where stories live. Discover now