~Because he's so persistent and so kind that I couldn't push him away firmly~
အိမ်ပြန်ဖို့အလျင်လိုနေတဲ့သူ့ကို သူ့ဝန်ထမ်းတွေကထူးဆန်းနေကြသည်။ အရင်တုန်းကသြဒိသဆို ခရီးထွက်ရတာသိပ်ကြိုက်တတ်တဲ့သူလေ...။ သူလည်း သူ့ကိုယ်သူ ထူးဆန်းသည်။ ငါဘာလို့ အိမ်ကိုဒီလောက်ထိပြန်ချင်နေရတာလဲလို့ပေါ့....။
"သြဒိသ လောလှချည်လားဗျာ...."
"မလောပါဘူးဗျာ...။ အချိန်တန်အိမ်ပြန်ချင်ယုံလေးပါ"
"လူပျိုကြီးက မရိုးတော့ဘူး။ အိမ်မှာစောင့်နေတဲ့သူရှိနေပြီလား..."
"ဟာဗျာ... မရှိသေးပါဘူး"
"မရှိသေးပါဘူးသာပြောနေတာ မျက်နှာမှာရှိတယ်ဆိုပြီး ရေးထားတယ်နော့်"
သြဒိသလည်း ပြန်မငြင်းနိုင်တဲ့အဆုံး အမှန်တရားကိုလက်ခံပြီး အရှက်ပြေရယ်ရုံသာ တတ်နိုင်တော့သည်။ လူကြီးရှက်လို့ရယ်တယ်တဲ့လေ...။ ကြားဖူးကြတယ်မလား။
သူအိမ်ပြန်ချင်တဲ့စိတ်တွေ ကြီးစိုးနေတာက တစ်ယောက်သောသူကြောင့်လို့ ပြောရမည်။ ငွေ့သက်ကိုရုတ်တရက်သူဖွင့်ပြောခဲ့တာကြောင့်လည်း မျက်နှာပူနေတာဖြစ်သည်။ သူ့စိတ်ကိုသူထိန်းပြီး တစ်ပတ်လောက်ကိုအဆက်အသွယ်မလုပ်ခဲ့ဘူး။ သူ့အတွက် ဒီတစ်ခါရဲ့တစ်ပတ်တာကကြာရှည်လွန်းလှသည်။ အဲ့ဒါကြောင့် အိမ်ကိုအမြန်ပြန်ချင်ပြီ။
"ဒီတစ်ခါ လူပျိုကြီးကလောနေပြီဟေ့။ မြန်မြန်သိမ်းဆည်းကြ"
သူ့ဝန်ထမ်းတွေကလည်း ရယ်ကြသည်။ ကိုမြဦးက တော်တော်ကိုအနောက်သန်တာပဲဗျာလို့ သူ့မှာမနည်းလိုက်ထိန်းရသည်။ သူမန္တလေးရောက်ရင် ကိုမြဦးက အစစအရာရာကူညီပေးတတ်တဲ့သူဖြစ်ပြီး သူ့ရဲ့လူရင်းဖြစ်သည်။ အရမ်းဝေးတဲ့ဆွေမျိုးဆိုပေမယ့် တစ်ကယ့်ကိုဆွေမျိုးပီသသည်။
"လက်ဆောင်ဝယ်ပြန်ချင်တယ်ကိုမြဦး"
"အဲ့ဒါကြောင့် လူပျိုကြီးကိုမရိုးတော့ဘူးလို့ ပြောရတာပေါ့။ ချောင်းပေါက်မတတ်မန္တလေးမြို့ကိုလာတတ်တဲ့သူက တစ်ခါမှလက်ဆောင်မဝယ်စဖူး ဝယ်မယ်ဆိုတော့ တစ်ခုခုတော့ဆန်းနေပြီလုပ်လိုက်တော့...။ အစ်ကိုပြောတာဟုတ်ရဲ့လား..."
YOU ARE READING
Writing Pages Over Story ~💔~ လေပြေလွင့်စင်သွားသောအရပ် (Completed)
Romance"I LOVE YOU" Love is a Shawdow and a Mist. It passes quickly by and it's no more...But I hope you'll miss this feeling when it is gone~? မင်းသောက်နေကျဆေးလိပ်အရသာအစားမင်းကိုချိုမြန်တဲ့အရသာတစ်ခုငါအစားထိုးပေးမယ်။ အဲ့ဒီအရသာကိုမင်းဘယ်တော့မှမမေ့လိုက်နဲ့။ ...