Chapter 37~The gentle breeze that brings love~

973 74 16
                                    

~I may be a coward who's always ready to break up. But what I did was because I wanted you to be happy. Why don't you look happy?~

"တီ...တီ..."

ဖုန်းသံက ခဏလေးမြည်​ပြီးတာနဲ့ ပျောက်ကွယ်သွားသည်။ ဒါပေမယ့် နောက်ထပ်တစ်ခါ ထပ်ဝင်လာ​ပြန်သည်။

"တီ...တီ..."

သြဒိသတစ်ယောက် ဖုန်းလာ​နေတာကိုသိပေမယ့် အခုအချိန်မှာ ငွေ့သက်နဲ့စကားပြောဖို့ သူအဆင်မပြေသေးဘူး။ မနက်က သူတို့ဖြစ်ခဲ့တဲ့ကိစ္စမှာ သူမှားတာမှန်ပေမယ့် သူ့အမှားတစ်ခုတည်းကြောင့်တော့မဟုတ်ဘူး။ မ​ပြတ်သားတဲ့စိတ်နဲ့ သူ့ကိုတွေ့နေတဲ့ငွေ့သက်ကို အခုအချိန်မှာတော့ လက်မခံ​ပေးနိုင်သေးဘူး။

' ကိုယ်တောင်းပန်တယ်... ကိုယ်အဆင်သင့်မဖြစ်သေးဘူး '

သူအခုရုံးခန်းထဲမှာပဲရှိသေးသည်။ အဲ့ဒါကြောင့် လာနေတဲ့ဖုန်းကိုလစ်လျူရှုပြီး အလုပ်ကိုပဲအာရုံစိုက်နေလိုက်သည်။ တစ်ဖက်သူက ဘာလို့ဖုန်းခေါ်လဲဆိုတာ သူမသိချင်တော့ဘူး။ သူ့ကိုတောင်းပန်ဖို့လား။ ဒါမှမဟုတ်ရင် သူ့ကိုရှင်းပြဖို့လား။ တစ်ကယ်တော့ အကူအညီလိုအပ်နေတာဖြစ်သည်။ အဲ့ဒါကို သြဒိသတစ်ယောက် လုံးလုံးကြီးကိုမတွေးမိခဲ့ဘူး။

အဲ့ဒါကြောင့်ပြောတာ... ဘဝမှာလေ ကိုယ့်ဘက်ကဘယ်လောက်ပဲစစ်မှန်တဲ့ခံစားချက်ကိုပေးနေပါစေ တိုက်ဆိုင်မှုကံတရားသာမရှိရင် မဖြစ်နိုင်ဘူးတဲ့။ မျက်နှာသာပေးတဲ့ ကံတရားကြီးက သြဒိသကိုကျောခိုင်းထားခဲ့တာများလား။

"အစ်ကိုအဆင်ပြေလား"

သန့်စင်ခန်းကနေပြန်ထွက်လာတဲ့ဧည့်သည်အစ်ကိုက နည်းနည်းတော့ ခေါင်းထောင်လာနိုင်တာမြင်ရသည်။

"အင်း။ ပြေတယ်"

ပြေတယ်လို့ပြောပြီး ဧည့်သည်ကသူ့အိတ်သူလွယ်ပြီး ပြန်မယ်တကဲကဲလုပ်လာသည်။ လမ်းလျှောက်တာတောင် ယိုင်နေသေးတဲ့လူက ​သူ့ဘာသာပြန်မယ်တဲ့လေ။

"အစ်ကို တစ်ယောက်တည်းပြန်မလို့လား..."

နောက်ဝန်ထမ်းကောင်လေးတစ်ယောက်ကလည်း သူ့ကိုပြောလာ​ပြန်သည်။

"တစ်ယောက်တည်းမပြန်လို့ မင်းတို့လိုက်ပို့မလားပြော..."

"အဲ့ဒါက...
ဟေ့ရောင် ဘယ်လိုလုပ်မလဲ"

Writing Pages Over Story ~💔~ လေပြေလွင့်စင်သွားသောအရပ် (Completed)Onde histórias criam vida. Descubra agora