Chapter 38~Like beautiful sunrise, all I can do is watch~

854 66 26
                                    

~In my world only you make me do for love what I would not do~

''ငါပြီးပြီ။ မင်းဝင်လို့ရပြီ''

''ခေါင်းကိုခြောက်အောင်သုတ်ဦးနော်''

''အင်း''

ရှင်းအရိပ်ကသူ့ကိုတစ်ခွန်းလှမ်းပြောပြီး ရေချိုးခန်းထဲဝင်သွားသည်။ သူ့ဆံပင်တွေကနေ ရေတွေတစ်တောက်တောက်ကျနေတာကြောင့် တဘက်ယူ​ပြီးသုတ်လိုက်သည်။ ရှင်းအရိပ်ကိုစောင့်နေရင်းနဲ့ ဆာနေတဲ့ဗိုက်က ပိုပိုပြီးဆန္ဒပြလာသည်။

''အခုထိညစာလာမပို့သေးဘူးလား''

''မလာသေးဘူး''

သူ့နောက်ကနေ ရှင်းအရိပ်အသံက ရုတ်တရက်ကြီးထွက်လာတော့ ရေချိုးပြီးပြီနဲ့တူသည်။ ရှင်းအရိပ်က သူ့လိုပဲ ဟိုတယ်ကပေးတဲ့ညအိပ်ဝတ်ဆုံကိုဝတ်ထားတော့ သူနဲ့ဆင်တူပုံစံဖြစ်နေသည်။ အခုလိုကျတော့ သူတို့ကိုယ်သူတို့ မြင်တွေ့ရတာဆန်းကြယ်နေသည်။ အပြာရင့်ရင့်ဖဲသားဝတ်ဆုံတွေကို နှစ်ယောက်သားဆင်တူဝတ်ထားပြီး ဟိုတယ်ခန်းတစ်ခန်းထဲမှာတူတူရှိနေရတာ ရင်ခုန်ဖို့ကောင်းနေသည်။ တစ်ခါတစ်လေ ဒီအခိုက်အတန့်လေးက အိမ်မက်နဲ့တောင်တူနေသလိုလို...။

''ဖုန်းခေါ်ကြည့်ရင်ကောင်းမယ်နော်''

''ငါဖုန်းဆက်ကြည့်လိုက်ရမလား''

''အင်း''

ရှင်းအရိပ် ဟိုတယ်ဖုန်းကိုကိုင်လိုက်ပြီး ဆက်ဖို့လုပ်တဲ့အချိန်မှာ အခန်းရှေ့ကဘဲလ်တီးသံကြားလိုက်ရသည်။ တံခါးသွားဖွင့်တော့ သူတို့အခန်းရှေ့ကို ညစာလာပိုတဲ့ဟိုတယ်ဝန်ထမ်းတွေ ရောက်လာသည်။

''ညစာလာပို့တာပါ''

''ဟုတ်ကဲ့''

လာပို့ပေးတဲ့ညစာကိုလက်ခံလိုက်ပြီး ငွေ့သက်ရှိန်တစ်​ယောက် ဝန်ထမ်းတွေကို ဝိုင်တစ်ပုလင်းထပ်မှာလိုက်​သေးသည်။ ရှင်းအရိပ်ကသူ့ဘေးမှာရှိနေတော့ သူ့ကိုမယုံကြည်သလိုကြည့်နေသည်။

''ဝိုင်...?''

ငွေ့သက်က ခေါင်းပဲညိမ့်ပြီး ပြုံးချည်းပြုံးနေသည်။ ဒီနေ့တစ်နေ့ကိုတော့ စိတ်တိုင်းကျနေချင်တဲ့ပုံပဲ။

Writing Pages Over Story ~💔~ လေပြေလွင့်စင်သွားသောအရပ် (Completed)Wo Geschichten leben. Entdecke jetzt