Chapter 22~The gentle breeze of the sunset~

924 58 9
                                    

~The night of darkness brought the past memory of you and me~

ငွေ့သက်နဲ့သူ တစ်ယောက်ကိုတစ်ယောက် အ​ပြန်အလှန်မျက်နှာလွှဲထိုင်ထားပြီး စကားမပြောကြဘဲ တိတ်ဆိတ်နေ​ကြသည်။ သူ့ဘက်ကစကားတစ်ခွန်းစရင် ငွေ့သက်ဘက်က သူ့ကိုတစ်ခွန်းပြန်ပြောလာသည်။ ငွေ့သက်ဘက်ကတစ်ခွန်းစလာရင်လည်း သူဘက်ကလည်းတစ်ခွန်းပြန်ပြောရင်းနဲ့ သူတို့ကြားက အပြန်အလှန်ဖောင်ဖွဲ့ပြီး ပြောစရာစကားက ပျောက်ရှနေသည်။ ရန်ဖြစ်ထားတယ်ဆိုတဲ့အသိစိတ်က မိသားစုချင်းပဲဖြစ်ဖြစ် သူငယ်ချင်းမိတ်ဆွေချင်းပဲဖြစ်ဖြစ် ချစ်သူရည်းစားချင်းပဲဖြစ်ဖြစ် နေရခက်တာတော့တူတူတွေပဲဖြစ်သည်။

"ရဲစစ်... ငါမင်းကိုတိုင်ပင်စရာတစ်ခုရှိတယ်"

သူ့မှာက အားလုံးထဲမှာမှ ရှိတာဆိုလို့ ဒီသူငယ်ချင်းတစ်ယောက်ပဲဖြစ်သည်။ သူ့ရဲ့မွန်းကြပ်မှုတွေကို ဖွင့်ထုတ်ပြောပြစရာဆိုလို့ ငွေ့သက်ရှိန်မှာ ရဲစစ်တစ်ယောက်ပဲရှိသည်။ သူငယ်ချင်းကိုတော့ ဘယ်နည်းနဲ့ပဲဖြစ်ဖြစ် ငွေ့သက်ရှိန်အဆုံးရှုံးမခံနိုင်ဘူး။

"မင်းမပြောခင် ငါအရင်ပြောမယ်"

"အင်း..။ ရတယ်လေ။ ဘာပြောမလို့လဲ"

ပေါင်းလာတဲ့သူငယ်ချင်းသက်တမ်းတစ်လျှောက်မှာ ရဲစစ်ရဲ့ပြောင်းလဲသွားတဲ့စရိုက်အမျိုးမျိုးကို ငွေ့သက်ရှိန်သတိထားမိသည်။ သူနဲ့သူငယ်ချင်းစဖြစ်တုန်းကဆိုရင် ရဲစစ်က တစ်ကယ့်ကိုရိုးသားပြီးကြင်နာတတ်တဲ့သူတစ်ယောက်ဖြစ်ခဲ့သည်။ အမြဲတမ်း ဖြူဖြူစင်စင်ပြုံးရယ်ပြီး လူကောင်းတစ်ယောက်ဖြစ်ခဲ့သည်။ အခုလည်း ရဲစစ်ကသူ့အပေါ် မကောင်းတာ​တော့မဟုတ်ဘူး။ ရဲစစ်ကသူ့အတွက် လူကောင်းတစ်ယောက်ဖြစ်နေဆဲပဲ။ သူ့အပေါ်လည်း ကြင်နာဆဲပဲ။ ဒါပေမယ့် ပင်ကိုယ်စရိုက်တော့ ပြောင်းလဲသွားသလိုခံစားရသည်။ သူမသိသေးတဲ့ ရဲစစ်ရဲ့ပုံစံအမှန်ထပ်ရှိသေးသလိုမျိုးခံစားနေရတာက သူပဲအတွေးများပြီး စိတ်ထင်ရာ​တွေးမိနေတာများလား။

"ငါရှင်းရှင်းပြောရရင် မင်း..ရှင်းအရိပ်နဲ့ပြန်ပတ်သတ်နေတာကို ငါမကြိုက်ဘူး"

Writing Pages Over Story ~💔~ လေပြေလွင့်စင်သွားသောအရပ် (Completed)Tempat cerita menjadi hidup. Temukan sekarang