Chapter - 012

2.6K 271 2
                                    

>>Unicode<<

Chapter ~ 012 ဝေဒနာသက်သာခြင်း

မနက်အစောပိုင်းတွင် ဖြစ်သည်။ စာသင်ခန်းတစ်ခန်းလုံး အစားအသောက်နံ့များ ပျံ့လွင့်နေ၏။

ကျောင်းသားခေါင်းဆောင်သည် နောက်ဆုံးသင်္ချာမေးခွန်းနှစ်ပုဒ်ကို စစ်ပြီးသည့်နောက် နှာခေါင်းရှုံ့ကာ နေရာတိုင်း၌ အနံ့ခံကြည့်လိုက်သည်။ "ဘယ်အရှက်မရှိတဲ့ မျိုးမစစ်က ကြက်ကြော်ခိုးယူလာတာလဲ? မင်းက ငါတို့တွေ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ စာသင်နေတာကို ရပ်တန့်ဖို့ ကြိုးစားနေတာလား? ကောင်းထျန်းယန် အဲ့ဒါမင်းမလား!"

ကောင်းထျန်းယန်သည် တစ်ခြမ်းစောင်းအပြုံးကြီးပြုံးကာ သူ စားပွဲခုံထဲမှ ထုတ်လိုက်သည့် ကြက်ကြော်တစ်ဘူးလုံးနှင့် ဂိုက်ပေးကြမ်းတော့သည်။ "ဗိုက်ဆာနေတယ်ဟုတ်? ဒါကို စားချင်တယ်မလား? မင်းရဲ့ အင်္ဂလိပ် လေ့ကျင့်ခန်းစာရွက်နဲ့ လာလဲ"

"F**k" ကျိန်ဆဲသံတွေ တစ်ပြိုင်နက်ထဲ ထွက်လာကြသည်။ "ငါ အင်္ဂလိပ်စာရှိသေးတာကို မေ့တော့မလို့!"

"မြန်မြန်...မြန်မြန်...မြန်မြန်... ကြင်နာတဲ့နတ်ဘုရားတွေ ငါလေးကို ကယ်ကြပါ!"

ယမန်နေ့က အင်္ဂလိပ်ဆရာမယန်ကျင်းသည် သူတို့ကို အိမ်စာအဖြစ် လေ့ကျင့်ခန်းစာရွက် 3 ရွက် ပေးထားခဲ့သည်။ အဖြေမှန်ရွေးမေးခွန်းပေါင်း 150 ပုဒ်ဖြစ်သည်။ အများစုသည် ၎င်းကို မပြီးသေးခင်တွင် အိပ်ပျော်သွားခဲ့ကြပြီး ယနေ့မနက်တွင် သူတို့သည် ထိုအရာကြောင့် ငိုကြွေးခြင်းဖြင့် ဇာတ်သိမ်းကြလေသည်။

"ငါသိတာပေါ့၊ မင်းတို့ကောင်တွေ အဲ့ဒါကို ကျိန်းသေပေါက် မလုပ်ရသေးဘူးဆိုတာ" ကောင်းထျန်းယန်သည် ဘူးကိုပိုက်ကာ လျှောက်သွားနေခဲ့သည်။ "ပြီးတော့ ဒီက ငါတို့ရဲ့ကိုလူချောက အင်္ဂလိပ်စာမှာ သောက်ရမ်းတော်တယ်ဆိုတာလည်း သိထားသေးတယ်၊ သူ သေချာပေါက်ကို အကုန်ပြီးနေမှာ၊ ဒါကြောင့် ငါက လာဘ်ထိုးဖို့တောင် ပြင်ဆင်လာခဲ့သေးတယ်"

သူသည် တတွတ်တွတ်ပြောကာ လျှောက်သွားနေရင်း စားပွဲပေါ်တွင် မှောက်နေသည့် ရှန့်ဝမ့်၏ပုံရိပ်ကို မြင်လိုက်ရသည်။ များသောအားဖြင့် တံတောင်ဆစ်အထိ ဆွဲတင်ထားနေကြ အင်္ကျီလက်များကို အောက်သို့ချထားပြီး ထို့အစား ၎င်းတို့သည် သူ၏လက်ကောက်ဝတ်တွင် နွေးထွေးစွာ ရစ်သိုင်းနေကြသည်။

The Only One / mou mou / 某某 (MYANMAR TRANSLATION) Where stories live. Discover now