Chapter - 041

1.8K 213 9
                                    

>>Unicode<<

Chapter ~ 041 ဂုဏ်

"ငါမင်းကို ဘယ်လိုခေါ်လိုက်လို့လဲ?" ရှန့်ဝမ့်သည် မသိသလို လုပ်နေ၏။ ၎င်းမှာ သူသည် တမင်တကာ မဖြေချင်ခြင်းကြောင့် မဟုတ်ဘဲ အခြားတစ်ယောက်ကို "ငါ့ကော" ဟု ရှောရှောရှူရှူ ခေါ်လိုက်မိခြင်းကြောင့်သာဖြစ်ပြီး မည်သို့ပင်ဖြစ်စေ သူသည် ထိုကိစ္စကို ကျန်းထျန်းကို မပြောပြချင်ပေ။

'ယောက်ျားလေးတွေရဲ့ အဖြေမရှိတဲ့ နိုင်လိုမှုပြင်းစိတ်ကြောင့်ဖြစ်မယ်' ရှန့်ဝမ့် တွေးလိုက်သည်။

ကျန်းထျန်းသည် မျက်ခုံးတစ်ဖက်ပင့်ကာ သူ့ကို ကြည့်နေဆဲ ဖြစ်သည်။

ရှန့်ဝမ့်သည် သူ့ကို ကန့်လန့်တိုက်ချင်သော်လည်း စက္ကန့်ဝက်မျှတောင် မရှိသေးခင် ဝန်ခံလိုက်တော့သည်။ သူသည် ကျန်းထျန်း၏ လက်ချောင်းများဆီမှ သူ့ညာဘက်လက်ကို ဖယ်လိုက်ပြီး "ငါမင်းကို 'တိတိ' လို့ ခေါ်လိုက်တာ"

{T/N ~ 'တိတိ' ဆိုတာ 'ညီလေး' လို့ ခေါ်လိုက်တာပါ၊ တစ်နည်းအားဖြင့် ဝါနှိမ်လိုက်တယ်ပေါ့XD}

သူတို့၏ စကားအချီအချကို မြင်သောအခါ လူရိုးကလေး ချိုးဝမ့်ပင်းသည် တခစ်ခစ် ရယ်မောတော့၏။ ရှုံးနိမ့်နေသည့် ရှန့်ဝမ့်သည် အဆုံးတွင် အသာစီးရနေသည့် စစ်ဗိုလ်ချုပ် ဖြစ်လာခဲ့သည်။ သူသည် မေးကိုမော့ကာ သူ့ကိုယ်သူ ကျေနပ်အားရနေခဲ့ပြီး "ကောင်းပြီ၊ ဆက်ပြီး မဆော့တော့ဘူး၊ စာလုပ်ရအောင်" ဟု ပြောလိုက်လေသည်။

သူသည် ညာဘက်လက်ဆစ်တွေကို ချိုးလိုက်ပြီး ခေါင်းငုံ့ကာ စာလုပ်ခြင်းအပေါ် စတင်၍ အာရုံစိုက်ထားလိုက်တော့သည်။

သူ၏ မျက်လုံးထောင့် မြင်ကွင်းမှနေ၍ ကျန်းထျန်း တစ်ဖက်သို့ပြန်လှည့်ကာ တစ်ခဏမျှအကြာတွင် နားကြပ်ပြန်တပ်လိုက်သည်ကို မြင်လိုက်ရသည်။ မင်စိုဘောပင်သည် သူ့လက်ကြားထဲတွင် တိတ်တဆိတ် လည်နေ၏။ တစ်ခါတစ်ရံ ရပ်သွားကာ စာအုပ်ပေါ်တွင် ချရေးလေသည်။

သူနှင့်မျက်နှာချင်းဆိုင်တွင် ထိုင်နေသည့် ချိုးဝမ့်ပင်းသည်လည်း မျက်မှောင်ကြုပ်ကာ အမှားစုစည်းချက်ကို စတင်၍ အဖြေရှာတော့သည်။ သူသည် ဘောပင်အိတ်ထဲမှ ကတ်ကြေးတစ်လက် ထုတ်လိုက်သော်လည်း ညှပ်ပစ်ဖို့ကိုတော့ မလုပ်နိုင်ချေ။

The Only One / mou mou / 某某 (MYANMAR TRANSLATION) Where stories live. Discover now