Chapter - 070

3.3K 269 50
                                    

>>Unicode<<

From Chapter 69

ကျန်းထျန်း ပြောလာ၏။ "မင်းအရင်တက်နှင့်"

"မင်းကော?" ရှန့်ဝမ့် ပြန်မေးလိုက်သည်။

"ငါ ယူစရာရှိလို့"

ရှန့်ဝမ့်သည် အခန်းထဲသို့ ရောက်သည်အထိတောင် အနည်းငယ် စိတ်ရှုပ်ထွေးနေခဲ့သည်။ သူသည် ဝရန်တာကိုမှီကာ ခနမျှဖုန်းဆော့လိုက်သည်။ ထို့နောက် ရေချိုးလိုက်ပြီး ကော်ရစ်ဒါတွင် အတော်ကြာအောင် စောင့်နေခဲ့သော်လည်း ကျန်းထျန်းကတော့ ပေါ်မလာခဲ့ပေ။ သူသည် ကျန်းထျန်းဘယ်သွားလဲ မသိသလို သူဘာလုပ်နေသည်ကိုလည်း နားမလည်ချေ။

ဟန်ကျိုးဟင်းလျာဆိုင်မှ စားပွဲထိုးပြောတာ မှန်သည်။ ဆန်အရက်သည် သောက်နေစဉ်တွင် ဘာမှမဖြစ်သော်လည်း အရှိန်တက်လာလျှင်တော့ တော်တော်‌လေးပြင်းသည်။ အခန်းထဲ ခနမျှ ပတ်လျှောက်ပြီးသည့်နောက် အရက်ရှိန်မှာ တစ်ရိပ်ရိပ် တက်လာတော့သည်။

ရှန့်ဝမ့်သည် အိပ်ငိုက်လာသော်လည်း အိပ်ဖို့ရာ အနည်းငယ် ဝန်လေးနေသည်။

ယနေ့သည် သူကိုယ်တိုင် သတ်မှတ်ထားသည့် မွေးနေ့ဖြစ်ပြီး ကျန်းထျန်းနှင့်အတူ ကုန်ဆုံးရန် ပြီးခဲ့သည့်ရက်တွေထဲက စီစဉ်ထားခဲ့သည်။ တစ်နေ့တာလုံး သူ ရယ်မောဆော့ကစားကာ ရင်ခုန်ရသည့် အချိန်တစ်ချို့နှင့် ထိုထိုသောအရာများလည်း ရှိခဲ့ပြီး စိတ်လှုပ်ရှား‌‌နေခဲ့သည်။ သူ အများကြီး ပြုလုပ်ခဲ့သော်လည်း တစ်စုံတစ်ရာ ပျောက်ဆုံးနေသလို ခံစားနေရဆဲဖြစ်သည်။

တစ်နေ့တာသည် မကြာခင် ကုန်ဆုံးတော့မည်။ ညမှောင်မှောင်တွင် ပတ်ဝန်းကျင်ကလည်း တိတ်ဆိတ်နေ၏။ သို့သော် သူသည် အနည်းငယ်လစ်ဟာသလို ခံစားနေရဆဲဖြစ်သည်။ သူ အပြည့်အဝပဲ မပျော်ရွှင်လေသလား၊ တခြားအရာကြောင့်ပဲလားကိုတော့ မည်သူမှမသိပေ။

*

ကျန်းထျန်းပြန်ရောက်ချိန်၌ 11 နာရီတောင် ခွဲနေပြီဖြစ်သည်။ ကျောင်းဝင်းတစ်ခုလုံး တိတ်ဆိတ်နေပြီး တောင်ကုန်းကို ဖြတ်သွားချိန်မှသာ ဆောင်းဦးသစ်တောဆီမှ ရယ်သံနှင့် စကားပြောသံတချို့ ကြားလိုက်သည်။ ရိကျုန်းမှလူများ ဖြစ်ပုံရပြီး ပျန့်ချန်၏ အသံသဲ့သဲ့ကိုလည်း ကြားလိုက်ရသလိုရှိသည်။ သို့သော် ကျန်းထျန်းသည် ဂရုစိုက်မနေဘဲ သူတို့ကိုကျော်သွားကာ လှေကားထစ်တွေကို ခြေလှမ်းကျဲကျဲဖြင့် ကျော်တက်လိုက်သည်။

The Only One / mou mou / 某某 (MYANMAR TRANSLATION) Where stories live. Discover now