ချစ်ခြင်းများဖြင့်ဖွဲ့သီသော
Episode - 4
“ဘုရင်နဲ့ဝိုင် လာကြဦး”
အန်တီနဲ့မေမေ့ခေါ်သံကြောင့် ဝိုင်တို့ ခြံထဲကပန်းရုံနားကိုလာလိုက်ကြသည်။
“လာကြပြီလား ပြောစရာရှိလို့ခေါ်တာ..”
အကုန်လုံးငြိမ်ပြီး ဘုရင့်အမေဒေါ်ခင်သီစီအကြည့်တွေရောက်သွားကြသည်။
ဒီလိုလေ သားနဲ့သမီးကိုနေရာချထားပေးကြမလို့..
အားလုံးအံ့ဩသွားကြသည်ထက် ဘုရင်ကတုန်လှုပ်သွားသည် သူမယုံနိုင်ပါ သူကသူမလေးကိုအချိန်တစ်ခုရောက်မှလက်ထက်ချင်တာ သူကြိုးစားချင်သည် ခုလိုလူကြီးမိဘတွေလုပ်ပေး၍လိုချင်တာမဟုတ် သူ့နည်းသူ့ဟန်နဲ့သာကြိုးစားချင်တာလေ။
“ဟာ.. မဟုတ်တာ အမေရာ”
ဘုရင်ထပြောလိုက်တော့ ဒေါ်ခင်သီခမျာပြောရကြပ်သွားသည် ဝိုင့်တို့ကိုလည်းအားနာသွားသည်။
“ဘာလို့လဲ သားရယ့် သမီးလေးကဒီလောက်ချစ်စရာကောင်းတာကို သားတို့လည်းရင်းနှီးနေကြတာပဲ”
“မဟုတ်ဘူး အမေ သားကခုချိန်အဲ့တာတွေမစဉ်းစားချင်သေးဘူး”
ဟင်... ဘုရင်ကငါ့ကိုငြင်းနေတာလား ရတယ် ငါလည်းငြိမ်နားထောင်နေတိုင်းငြိမ်တော့မခံနိုင်ပါဘူး။
“ဒီမှာ ငါလည်း ဒီချိန်အေးဆေးပဲနေချင်တာပါနော်”
“မရဘူး ငါတို့ကမင်းတို့ကိုလက်မထက်သေးတောင် စေ့စပ်ပေးထားရမှာပဲ ဖိတ်ချင်းဖိတ်အိတ်ထဲပဲဖိတ်မှာ အခြားသူနဲ့ဖြစ်သွားမှာမလိုချင်ဘူး”
ဒီလိုနဲ့စေ့စပ်ပွဲကို အတင်းစီစဉ်ကြသည်ဆိုပါတော့....
ဘုရင်ကတော့ကြုံးဝါးထားသည် သူဘာအနှေင်အဖွဲ့မှမလိုချင်တာမလို့ လက်မခံဘူးတဲ့လေ လူကြီးတွေကတော့အတင်းစီစဉ်ကြသည်သာ ဝိုင်လည်းဘာလုပ်ရမယ်မသိ လူကြီးတွေပြောတဲ့အတိုင်းသာလိုက်လုပ်ရုံအပြင်မတတ်နိုင်ဘူးမလား ဝိုင်ဝမ်းနည်းသည်က ဘုရင်ကဝိုင့်အပေါ်ခါးသီးနေတာကိုပင်..
စေ့စပ်ပွဲနေ့ဖြစ်သဖြင့် ဝိုင်ကပြင်ဆင်ပြီးအိမ်ပေါ်လှေကားကဆင်းလာသည် ဧည့်သည်အချို့လည်းရောက်နေပြီဖြစ်ရာ ဘုရင်ကတော့ ခုထိမလာသေးပါ ဘုရင့်မိဘတွေကတော့ ဝိုင်တို့အိမ်မှာ ပွဲမစခင်ထဲကရောက်နေကြပေမယ့် ဘုရင့်အရိပ်အယောင်တောင်မမြင်ရပါ ဝိုင်ဘုရင့်ကိုမျှော်မိနေသေးတာ နောက်မှသိရသည်က ဘုရင်က စေ့စပ်ပွဲကိုမဖြစ်အောင် ခရီးထွက်သွားသည်တဲ့လေ ဝိုင်အရှက်ကွဲသည်ကိုရောဘုရင်သိလေရယ့်လား သိသိနဲ့တမင်လုပ်တာလား ရက်စက်လိုက်တာ
YOU ARE READING
ချစ်ခြင်းများဖြင့်ဖွဲ့သီသော ❤️ ( Completed)
Randomကိုယ်ဖွင့်မပြောဖြစ်ခဲ့ပေမယ့် ကိုယ်မင်းကိုစတွေ့ထဲကသိပ်မြတ်နိုးတာ ကလေးငယ်ရယ့် တိုင်းဘုရင် ကျွန်မ ရှင်နဲ့ပတ်သတ်တဲ့ခံစားချက်တွေကို အတိတ်မှာထားခဲ့ပြီးပြီ နှင်းဆီဝိုင်