ချစ်ခြင်းများဖြင့်ဖွဲ့သီသော
Episode - 9
ဒီနေ့ ဓနဂုဏ်ဆိုင်အသစ်ဖွင့်ပွဲဆို၍ ဝိုင်လိုက်လာရသည်။ အတင်းခေါ်နေတော့လည်း မကောင်းတတ်ဘူးမလားလေ။
"ကိုဂုဏ် ဆိုင်ကမရောက်သေးဘူးလားဟင်"
"အဟက် ရောက်တော့မှာပါ ဝိုင်ရယ့် ဟိုးရှေ့နားတင်ပဲ"
"ဒီလမ်းကလူပြတ်ပါတယ် ပြီးတော့ လူနေတာလည်းသိပ်မရှိပါဘူး ဘယ်နားမှာဖွင့်တာလဲဟင်"
"ရောက်တော့ပါမယ်ဆို ကျွန်တော့်ကိုမယုံလို့လား"
"အဲ့လိုမဟုတ်ပါဘူးရှင် ဝိုင်ကဝေးလွန်းလို့မေးမိတာပါ"
"ဟုတ်ပြီဗျာ"
ခဏအကြာကားမောင်းပြီးတော့ လမ်းတစ်ခုထဲချိုးကွေ့ဝင်လိုက်သည်။ ဟင် ဘေးမှာကအိမ်မရှိ တောလမ်းကြီးသာဖြစ်သည်။
"ဟို.... ကိုဂုဏ် ဘယ်ကိုမောင်းတာလဲဟင်"
"ခုမှတော့ မထူးဘူးကွာ ပြောပြမယ် ဟိုရှေ့က အိမ်ကြီးတွေ့လား"
"ဟိုးရှေ့တောင်ခြေကအိမ်ကြီးလား"
"ဟုတ်တယ် အဲ့ကိုသွားမှာ"
"ဟင်! ကော်ဖီဆိုင်အသစ်ကအဲ့မှာမလို့လား"
"အဟား အဲ့မှာတော့ကော်ဖီဆိုင်ဖွင့်မလား ကိုယ်ကမင်းနဲ့ကော်ဖီလုပ်မလို့လေ ဟားဟား"
"ဟင်! ရှင် လူယုတ်မာ"
"ကဲ ဆင်းလို့ရပါပြီ"
ဝိုင်လည်း ထွက်ပြေးမယ်ကြံတော့..
"မပြေးနဲ့နော် ပြေးရင် ဘာလုပ်မိမယ် တာဝန်မယူဘူး"
ဝိုင်မှာပါသည်။ ဘုရင်က အဲ့လူအကြည့်တွေမကြိုက်ဘူး မပတ်နဲ့လို့ပြောပေမယ့် အရွဲ့တိုက်ပြီးပတ်သတ် ကော်ဖီစေ့ဝယ်နေတော့လည်း လူကောင်းပဲထင်ခဲ့တာ ခုမှ လူယုတ်မာမှန်းသိရသည်။
"ဒါနဲ့ ကျွန်မကို ဘာလို့ ခုလို့လုပ်ရတာလဲ ဘာအငြှိုးမှမရှိပဲနဲ့"
"မင်း တေးသံချိုကို သိလား"
"ဟင် တေးသံချို? ဪ မှတ်မိပြီ သင်တန်းတစ်ခုမှာဆုံဖူးတယ်"
YOU ARE READING
ချစ်ခြင်းများဖြင့်ဖွဲ့သီသော ❤️ ( Completed)
Casualeကိုယ်ဖွင့်မပြောဖြစ်ခဲ့ပေမယ့် ကိုယ်မင်းကိုစတွေ့ထဲကသိပ်မြတ်နိုးတာ ကလေးငယ်ရယ့် တိုင်းဘုရင် ကျွန်မ ရှင်နဲ့ပတ်သတ်တဲ့ခံစားချက်တွေကို အတိတ်မှာထားခဲ့ပြီးပြီ နှင်းဆီဝိုင်