ချစ်ခြင်းများဖြင့်ဖွဲ့သီသော
Episode - 7
လူကိုစွပ်စွဲပြောချင်တာပြောပြီး သူကပဲစိတ်ဆိုးရသေးသည်။ သူပဲလုပ်ချင်တိုင်းလုပ်နေတာ မုန်းစရာလူ။
ခြံထဲကလူတွေက ဘုရင်နဲ့ဝိုင်စကားများတာကို ဝိုင်းကြည့်ကြတော့ ဝိုင်ရှက်ပါသည်။ အဟင့် သူကလေ တခြားတစ်ဖက်ကိုဆိုကြည့်ကိုမကြည့် ထင်ရာမြင်ရာလူ။ ဆက်နေရင် ရှက်ဖို့ကောင်းလို့ အိမ်သာပြန်လာလိုက်တော့သည်။
“ဟယ် သမီး ဒီနေ့စောပါလား”
“ဟုတ် မေမေ သမီးအိပ်ချင်လို့ တက်အိပ်တော့မယ်နော်”
“အေး နေမကောင်းချင်ရင်လည်းဆေးသောက်ဦး”
“ဟုတ်ကဲ့”
...........................................
ဘုရင် ဘယ်လိုမှအိပ်မရပါ။ အိပ်ယာထဲလူးလှိမ့်ပြီးအတွေးတွေများနေခြင်းသာ။ သူမလေးကိုပြောလိုက်တာလွန်းသွားသလား။ သူသိပ်ချစ်လိူ့ဖြစ်တာသူသာသိသည်။ ဒီနေ့သူခေါင်းရှုပ်စရာတွေအများကြီးလုပ်ရလို့ သူ့မလေးကိုသွားကြည့်တာ အခြားသူကိုပြုံးပြတာ သူမခံစားနိုင်လို့ ဒီလိုပြောခဲ့ရခြင်းသာ။
“ဒေါက်!”
ဟင်! ပြူတင်းပေါက်ကကို ဂဲလာမှန်တာလား
ဝိုင်ထကြည့်လိုက်သည်။
ဟင်! ဘုရင်ပဲ သွားမခေါ်ဘူး
ဘုရင်သူ့အခန်းကနေ လက်လှမ်းပြနေတာမြင်၍လိုက်ကာစဆွဲပိတ်ပစ်လိုက်သည်။
ဒေါက်!
ဟွန်း ဘာလို့ထပ်ပစ်နေတာလဲမသိဘူး။ မခေါ်ချင်တာကိုပြန်ပြောရဦးမယ်။ ဝိုင်လည်းလိုက်ကာစပြန်ဖွင့်ပြီး ဘာလဲဆိုသည့်ပုံစံနှင့်ကြည့်လိုက်သည်။
ဘုရင်က လက်နှစ်ဖက်ကိုခေါင်းပေါ်တင်ပြီး အသဲပုံလုပ်ပြသည်။
မျက်နှာပူပြီး ဝိုင့်ပါးနှစ်ဖက်ကိုရဲခနဲ။ အို.... ဒီလူအရှက်မရှိဘူးပဲ ကြောင်တောင်တောင်နဲ့။ လိုက်ကာစဆွဲပိတ်ပြီးအိပ်ပစ်လိုက်တော့သည်။
ဘုရင်လည်း ဝိုင်ရှက်သွားပုံကို ရယ်ပြီးသဘောကျကာ အိပ်ရန်ပြင်လိုက်တော့သည်။ ရှက်တာကအစချစ်စရာလေးကွာ အဟား။
YOU ARE READING
ချစ်ခြင်းများဖြင့်ဖွဲ့သီသော ❤️ ( Completed)
Randomကိုယ်ဖွင့်မပြောဖြစ်ခဲ့ပေမယ့် ကိုယ်မင်းကိုစတွေ့ထဲကသိပ်မြတ်နိုးတာ ကလေးငယ်ရယ့် တိုင်းဘုရင် ကျွန်မ ရှင်နဲ့ပတ်သတ်တဲ့ခံစားချက်တွေကို အတိတ်မှာထားခဲ့ပြီးပြီ နှင်းဆီဝိုင်