ချစ်ခြင်းများဖြင့်ဖွဲ့သီသော
Episode - 3
မနက်နိုးလာတော့ ဝိုင်ညကကိစ္စများအမှတ်ရသွားသည်။
"အားး သွားပါပြီ နမ်းခိုင်းလိုင်ရလား အရူးမရယ့် မဖြစ်ဘူး ဘာမှမမှတ်မိချင်ယောင်ဆောင်နေမှ မျက်နှာပူစရာကြီးကို အီးဟီး"
ဝိုင်တစ်ယောက်ထဲ ထိုင်မရထမရဖြစ်နေမသည် နောက်တော့ ရေချိုးပြီးအောက်ဆင်းလာလိုက်သည်။
"ကဲ မိဝိုင် ညကကိစ္စပြောပြပါဦး"
"ဟီး မေမေ့"
"ဘာမှမေမေမနေနဲ့ ဘုရင့်မှာ နင့်ခန္ဒာကိုယ်ကြီးကိုချီပြီးအခန်းထဲထိလိုက်ပို့ရတာ"
"ဟင်! သမီးအိပ်ပျော်သွားတာ အဲ့တာတွေတော့မမှတ်မိဘူး"
"သွား ဘုရင့်ကို သွားပို့ ဒီမုန့် ပြန်လာမှစားရမယ် အရင်သွားပို့"
"ဟုတ်"
ဝိုင် ဘုရင့်အိမ်ဘက်ထွက်လာလိုက်သည် မုန့်ပန်းကန်လေးကိုင်ပြီးအိမ်ထဲကိုချောင်းကြည့်နေတာ ဘုရင့်အမေနှင့်တိုးတော့
"ဟယ် သမီး လာ ထိုင် ဟိုကောင်လေးတော့ခုထိထမလာသေးဘူး"
"ဟို.. သမီးမုန့်လာပေးတာ ပြန်တော့မယ်နော်"
ထိုစဉ် ဘုရင်လှေကားမှဆင်းလာပြီး
"ဘာမုန့်လဲ"
"ဒါလေ.."
ဝိုင်ပန်းကန်ကိုမြှောက်ပြလိုက်သည်။
"မေမေကတော့စားပြီးပြီ အသိတစ်ယောက်နဲ့လည်းချိန်းထားတယ် ဝိုင်လေးလည်းစားသွားလေ ဗိုက်ကအော်နေတာ မစားလာရသေးဘူးမလား"
"ဟုတ် မေမေကမုန့်ပို့ပြီးပြန်လာမှကျွေးမယ်ဆိုလို့"
"ကဲ လာလာ စားစား အန်တီတော့သွားလိုက်ဦးမယ်"
"ဟုတ် အန်တီ"အန်တီလည်း ချိန်းထားတာနောက်ကျမှာစိုး၍ထင်သည် အမြန်သွားသည်။
"ဟို.. ဘုရင့် ငါတောင်းပန်ပါတယ်နော် ညက ငါဘာမှမသိတော့ဘူး နင်အလုပ်ရှုပ်သွားမှာပဲ"
ဘုရင်ကဘာမှပြန်မပြောသေးပဲ ခဏကြာမှ
"ငါ့ကိုနမ်းခိုင်းတာရောမှတ်မိလား"
YOU ARE READING
ချစ်ခြင်းများဖြင့်ဖွဲ့သီသော ❤️ ( Completed)
عشوائيကိုယ်ဖွင့်မပြောဖြစ်ခဲ့ပေမယ့် ကိုယ်မင်းကိုစတွေ့ထဲကသိပ်မြတ်နိုးတာ ကလေးငယ်ရယ့် တိုင်းဘုရင် ကျွန်မ ရှင်နဲ့ပတ်သတ်တဲ့ခံစားချက်တွေကို အတိတ်မှာထားခဲ့ပြီးပြီ နှင်းဆီဝိုင်