ချစ်ခြင်းများဖြင့်ဖွဲ့သီသော
Episode - 11
ဘုရင် ရန်ကုန်ဘက်ကို အလုပ်ကစ္စနဲ့လာရ၍ ဝိုင်နဲ့မတွေ့ရတာ ဒီနေ့ဆို သုံးရက်တောင်ရှိပြီ။ သတိရလိုက်တာ ကလေးရယ်။ နိုင်ငံခြားမှာ ကိုယ်အကြာကြီးကြီးနေရတာထက် ဒီသုံးရက်ကပိုနေရခက်ပါလား။
သတိရလိုက်တာ အလုပ်ကလည်းများပဲများနိုင်လွန်းတယ် မုန်းစရာလူ။
ညဘက်ရောက်တော့ ဘုရင့်စီကဖုန်းလာသည်။
“ခုမှ အားတာလား”
“ဟုတ်တယ် ကလေးရ”
“ကိုကို့အလုပ်တွေကလည်းများလိုက်တာ”
“မနက်ဖြန်ပြန်လာခဲ့မယ် ဘာလိုချင်လဲ ဘာဝယ်လာခဲ့ရမလဲ”
“အင်.... ကိုကို့အသဲနှလုံး ခိခိ”
“ဟောဗျာ ကိုယ့်အသဲနှလုံးကလေးငယ်တစ်ယောက်ထဲအတွက်ပဲကိုကွာ”
“မရဘူး အဲ့တာယူမှာ”
“ဟုတ်ပြီဗျာ ပြန်လာရင် ကျွန်တော်မျိုး ဖောက်ထုတ်ပြီးပေးမယ်”
“ဟီဟီး အာဘွားအကြီးကြီးမွကိုကို”
“အချွဲလေးကွာ ကိုယ်မနက်အစောကြီးထပြန်လာခဲ့မယ်”
“အဲ့တာဆိုအိပ်ကြတော့မယ်လေ ကိုကို”
“ဟုတ်ပြီဗျာ အိပ်မက်လှလှမက်စေဗျာ”
“ကိုကိုရောပဲ”
ဒီညကတော့ ချစ်သူနှစ်ဦးလုံးရဲ့အိပ်မက်တွေဟာ ချိမြိန်နေမှာ သေချာသည်လေ။
...............................…...
သတင်းမှာပါလာသည် ဓနဂုဏ်နဲ့တေးသံချိုတို့အကြောင်း စိတ်မကောင်းစရာပင်။ ရဲများကတော့ အမှုပိတ်လိုက်ကြသည်။
“သမီးရေ ကြောက်စရာပါလားကွယ်”
“ဟုတ်တယ် မေမေ သမီးလည်းစိတ်မကောင်းပါဘူး”
မနာလိုစိတ်ဆိုတာ ပူလောင်ပါတယ်လေ။
စေတနာကောင်းရင် ကံကောင်းတယ်တဲ့ စိတ်ကောင်းကောင်းထား စေတနာကောင်းကောင်းထား အရာအားလုံးအပေါ်အကောင်းမြင်စိတ်နဲ့ကြည့်မှ အေးချမ်းမယ်။
YOU ARE READING
ချစ်ခြင်းများဖြင့်ဖွဲ့သီသော ❤️ ( Completed)
Randomကိုယ်ဖွင့်မပြောဖြစ်ခဲ့ပေမယ့် ကိုယ်မင်းကိုစတွေ့ထဲကသိပ်မြတ်နိုးတာ ကလေးငယ်ရယ့် တိုင်းဘုရင် ကျွန်မ ရှင်နဲ့ပတ်သတ်တဲ့ခံစားချက်တွေကို အတိတ်မှာထားခဲ့ပြီးပြီ နှင်းဆီဝိုင်