"အမေ့ သားဟိုဘက်ရွာသွားအုံးမယ်နော်.."
"နေတောင်ဝင်တော့မယ် သားရယ်..မနက်မှသွားပါလား.."
ဆိုင်သိမ်းပြီးလို့ ရေမိုးချိုးပြီး သနပ်ခါးပါးကွက်ကြားနဲ့ ဝလုံးကပုဆိုးတိုတိုဝတ်လို့ ဟိုဘက်ရွာသွားဖို့တာဆူနေပြီ...
အပင်အောက်ကကွပ်ပျစ်မှာ အကြမ်းရေသောက်နေတဲ့အမေက ဝလုံးကိုစိတ်မချချင်ဘူး...
"သင်္ဘောသီးတွေအလုံးလှတာတွေမှာထားတာ သွားယူရမှာလေအမေရ...စိတ်မပူပါနဲ့ သားအဖော်ခေါ်သွားမှာပါ..."
"အေးအေး သာကူစိတို့ကိုခေါ်သွားမှာမလား .."
"ဟုတ်တယ်အမေ့...ဂျူမုံလည်းပါတယ်"
"ကိုကြီးဝလုံးရေ!!!သားတို့ရောက်ပြီ.."
အိမ်ရှေ့ကနေ အော်ခေါ်တဲ့အသံကြောင့် ပိုက်ဆံထုပ်ခါးကြားထိုးပြီးပြေးသွားတဲ့ဝလုံးက ကလေးတွေကြားထဲမှာတကယ့်ကလေးလေးလိုပဲ...
ဒါကတော့အမေ့အမြင်ပေါ့လေ...တကယ့်တကယ်ကတော့ ဝလုံးမှာအကြံရှိတယ်..ဟဲ ဟဲ
ဟိုဘက်ရွာက အပျိုလေးတွေက တယ်လှတာကိုး... ပြီးတော့ ဝလုံးပိုးပန်းနေတဲ့အထွေးလေးက ကျောင်းပိတ်လို့ ရွာပြန်ရောက်နေပြီတဲ့..ဟိ အထွေးလေးနဲ့တွေ့ရတော့မယ်..
အထွေးလေးက လုံးကြီးပေါက်လှလေး...အသားညိုညိုလေးနဲ့ဝလုံးထက်ငယ်တယ် ..ဝလုံးကအထွေးလေးကို ညီမလေးလိုရော ချစ်သူလိုရောချစ်ပေးမှာ..
အတွေးတွေနဲ့ပြုံးစိစိဖြစ်နေတဲ့ဝလုံးက ခုန်ပေါက်လို့ပျော်နေတာများ ဂုတ်ထောက်နေတဲ့ဆံပင်ခွေခွေလေးတွေကပါတလွင့်လွင့်...
"ကိုကြီးဝလုံးတို့ ပါးစပ်ကြီးဖြဲနေတာများ မြင်မကောင်းဘူး.."
"ဟုတ်ပ့..အလုံးတွေနောက်လာပြီ"
အဖော်ခေါ်လာတဲ့သာကူစိနဲ့ဂျူမုံတောင် သူ့ကိုမျက်စိနောက်နေပြီ...
"မင်းတို့ပုစိညောက်တောက်တွေနားမလည်ပါဘူးကွာ.."
လက်ညှိုးလေးတယမ်းယမ်းနဲ့ဝလုံးက လမ်းနောက်ပြန်လျှောက်လို့ ဆရာကြီးစတိုင်လ်နဲ့သာကူစိတို့ကိုပြန်ချေပတယ်...
"ကိုကြီးဝလုံး လမ်းကိုကောင်းကောင်းလျှောက်စမ်းပါဗျာ ဘယ့်နှယ်နောက်ပြန်ကြီး.."
အဲ့လိုပဲ...ဝလုံးကအလုပ်လုပ်တဲ့အချိန်ပဲလူကြီး..ကျန်တဲ့အချိန်တော့ သူ့ပဲလိုက်ထိန်းနေရတာ ကမြင်းလွန်းလို့..
သာကူစိတို့ဂျူမုံတို့လို ကလေးတွေနဲ့ပေါင်းတာပဲကြည့်...
"ကြည့်စမ်း..လေက ဒီနေ့မှလတ်ဆတ်နေလိုက်တာ.."
လက်နှစ်ဖက်ကိုပါဆန့်ပြီး လေကိုရှူသွင်းနေသလို မျက်လုံးတွေပါ မှိတ်ထားရင်း လမ်းနောက်ပြန်လျှောက်နေတဲ့ဝလုံးက နောက်ကလာနေတဲ့လူတွေကိုမမြင်..
"ကိုကြီးဝလုံး နောက်မှာ!"
"ဟိတ်!!"
"ဟင် အွတ်!"
"ဟ!"
ဘုတ်!!....။

YOU ARE READING
"ဝလုံးလေး"
Fantasyဝလုံး ဝလုံး ဖိုးဝလုံး ချစ်စရာလေးဖိုးဝလုံး ချိုချိုပြုံးတဲ့ဝလုံးရယ် ထန်းရည်တစ်မြူပေးပါကွယ်~~