အပိုင်း - ၁၄

265 18 7
                                    

ကျောင်းဝန်းထဲမှ ကလေးငယ်လေးများရဲ့ သံပြိုင်ကဗျာရွတ်ဆိုသံကဖုံးလွှမ်းနေသည်...

သူတို့ငယ်ငယ်ကလိုပုံစံမဟုတ်တော့ဘဲ ကကြီး ခခွေးကဗျာလေးတွေက ဆန်းသစ်တဲ့ပုံစံလေးတွေမို့ ကလေးတွေလည်း စာသင်ရတာမပျင်းရပေ...

"ဝလုံး ဝလုံး ဖိုးဝလုံး ချစ်စရာလေးဖိုးဝလုံး ချိုချိုပြုံးတဲ့ဝလုံးရယ် ဝိုင်းဝိုင်းကလေးရေးပါ့မယ်!!!"

ကလေးတွေစာဆိုတာကိုအာရုံစိုက်နားထောင်နေရင်းကသည်ကဗျာစာပိုဒ်လေးကြားလိုက်ရတော့ ပြုံးချင်ချင်ဖြစ်သွားတဲ့နှုတ်ခမ်းသားများ..

ကဗျာ‌ထဲကဝလုံးလေးအတိုင်း အပြင်မှာလည်းအချိုခဲလေးဖြစ်တဲ့ဖိုးဝလုံးလေးကိုပြေးမြင်မိ၍သာ...
တစ်နေ့ညကအဖြစ်အပျက်တွေပြီးကတည်းက ထိုကလေးနဲ့မတွေ့ဖြစ်တာဒီနေ့နဲ့ဆို ၅ရက်နဲ့နေ့တစ်ပိုင်းရှိနေပြီဖြစ်သည်..။

အခါတိုင်းတေ့တေ့ဆိုင်ဆိုင်မတွေ့ဖြစ်လျှင်တောင် ညနေစောင်းလျှင်ကလေးတွေနဲ့ဒိုးပစ်လာလာကစားတတ်တဲ့အသံဆာဆာလေးကိုကြားရသေးသည်..ပြေးလွှားနေတဲ့ကြက်တောင်စည်းလေးကိုအ‌ ဝေးမှတလှုပ်လှုပ်နဲ့တွေ့ရတတ်သေးသည်...

"ဘာတွေတွေးနေပြန်တာလဲ ဆရာငြိမ်ဦး"

ပုခုံးကိုအသာပုတ်လိုက်တဲ့မိုးသားကြောင့် သူလန့်သွားသလို မိုးသားကလည်းပြူးကြောင်ကြောင်နဲ့ပြန်ကြည့်နေသည်..

"ဘာလဲ.."

"ဟင် ဘာလဲ..ကလေးတွေကိုဆင်းပေးလိုက်တော့လေ.."

ထိုအခါမှလက်ကနာရီကိုကြည့်မိတော့ ၁၂နာရီ ၁၀မိနစ်...ကလေးတွေကိုကြည့်တော့လည်း သူ့ကိုအူကြောင်ကြောင်လေးတွေပြန်ကြည့်နေကြသည်.. စာအုပ်ကလေး‌တွေကိုင်လို့ သူ့ဆီကအတန်းဆင်းသံကိုစောင့်နေကြပုံ...

"ကဲ စာအုပ်တွေသိမ်းမယ်...ဆရာဒီနေ့အတန်းဆင်းတာနောက်ကျလို့ နေ့လယ်အတန်းကျပုံပြင်ပြောပြမယ်နော်.."

"ယေးးးးးးးးးး"

"မင်္ဂလာပါဆရာလေး.!!!"

"ကျေးဇူးတင်ပါတယ်ဗျာ.."

"ကျေးဇူးတင်ပါတယ်ဆရာလေး!!!"

ကလေးတွေထွက်သွားမှအနားရောက်လာတဲ့မိုးသား

"ဝလုံးလေး"Where stories live. Discover now