အပိုင်း ၁၁

331 24 3
                                    

"အား!!"

"ရှက်လိုက်တာ ...!ရှက်လိုက်တာ..!အမေရာ.."

အိမ်ပြန်ရောက်ရောက်ချင်း အကြောင်းစုံသိသွားလို့အော်နေတဲ့ဝလုံးက အိမ်ဦးကြမ်းပြင်မှာ ကားယားလေး...

"ဖြန်း..!"

"အ့ အမေ့~~"

ဒူးအောက်ထိပဲဝတ်တတ်တဲ့ ပုဆိုးတိုတိုက မှောက်ယက်လှဲနေတာကြောင့် အပေါ်ကိုလိပ်တက်ပြီးပေါင်လုံးတုတ်တုတ်‌လေးတွေထိပါမြင်နေရသည်...

အငြိမ်မ‌နေတာကြောင့် တလှုပ်လှုပ်ဖြစ်နေတဲ့ ဖင်လေးကို လက်သံပြောင်ပြောင်နဲ့ရိုက်ချလိုက်တာဖြန်းခနဲ...

အသံသေးသေးလေးနဲ့ခေါင်းထောင်လာတဲ့ဝလုံးက မျက်ရည်လေးတွေပါဝဲလို့ မျက်နှာငယ်လေးနဲ့ ရှက်တာရော နာတာရောပေါင်းပြီး မျက်ရည်တွေဘူးသီးလုံးလောက်ကျလာတော့သည်...

"ကလေးကျလို့ လုံးပေါက်ရယ် လုပ်တုန်းကလုပ်ထားပြီး ခုမှရှက်မနေနဲ့တော့...ဖွ ဖွ နာသွားလား မှန်းစမ်း..."

အမေစိတ်မရှည်ရင် ခေါ်တတ်တဲ့နာမ်စား!

ပြောပြောဆိုဆို ပုဆိုးလာလှန်တဲ့အမေ့ကြောင့် ကပြာကယာငုတ်တုပ်ထထိုင်ရင်း ကျလာတဲ့မျက်ရည်လေးတွေတောင် ဘယ်ဆီနေမှန်းမသိ...

"အမေ့ ဘာလုပ်တာလဲလို့.."

"အရာထင်သွားလားကြည့်ပါအုံးမယ်အေ အမေရိုက်လိုက်တာအားအတော်ပါသွားတယ်ထင်တယ်..."

"မပါဘူးအမေ့ ရတယ်.."

"အမေကြည့်စမ်းပါအုံးမယ် လုံးပေါက်ရယ် ပြစမ်းပါအုံး..."

"ဟင့်အင်း အမေနော်! ဟင့်အင်းလို့.."

ဝလုံးနောက်အတင်းလိုက်လို့စနေတဲ့အမေက ဝလုံးစိတ်ပျော်အောင်တမင်လုပ်ပေးနေတာ...

အိမ်ပေါ်မှာပဲ ဖင်တရွတ်တိုက်နောက်ဆုတ်နေတဲ့ဝလုံးကို အမေကလည်းဝလုံးလိုလိုက်လုပ်ပြီးစတယ်... ပြုံးရယ်နေတဲ့မျက်နှာလေးတွေက ကြည်လင်လို့...

"ကိုကြီးဝလုံးတို့ ဘာတွေဆော့နေကြတာတုန်း သားတို့ပါအုံးမယ်.."

သာကူစိတို့ကလေးတွေပါရောက်လာပြီး အိမ်ပေါ်မှာဆူညံလို့...အမေက‌တော့ ကလေးတွေရောက်လာကတည်းက ပုခုံးပေါ်ကတဘက်လေးနဲ့ချွေးတွေသုတ်လို့ ဝလုံးတို့ကိုထိုင်ကြည့်နေတာများ ပြုံးလို့..

ခနကြာတော့ ကြမ်းပြင်ပေါ်ကားယားပက်လက်ကြီးတွေလှဲလို့ အမောဖြေနေကြရတယ်...

"ကိုကြီးဝလုံး ဒီနေ့ဆိုင်လည်းပိတ်တော့ ရွာထဲဒိုးပစ်သွားကြမယ် လာခေါ်တာ.."

"အမေ့.."

"မိုးမချုပ်စေနဲ့နော် သားလုံးလေး...ကလေးတွေနဲ့ ရန်လည်းဖြစ်မလာနဲ့အုံး.."

"ဟုတ်အမေ့..လာ သွားကြစို့..''

ဒိုးပစ်ဖို့ဆိုရင် တက်ကြွနေတတ်တဲ့ဝလုံးက ဝတ်ထားတဲ့ပုဆိုးကိုစလွယ်သိုင်းလို့ အခန်းထဲကသားရေကွင်းအပုံလိုက်ကို လက်နှစ်ဖက်လုံးမှာဝတ်လို့ အရှေ့ဆုံးကနေကော့တော့ကော့တော့နဲ့ထွက်သွားလေရဲ့...။

"ဟေ့ကောင် မိုးနွေ မင်းမညစ်နဲ့..!"

ညနေပိုင်းရွာထဲပတ်ကြည့်နေတုန်း ကစားနေတဲ့ကလေးတွေကြားထဲကနေ ရင်းနှီးနေတဲ့အသံဆာဆာလေးကြောင့် အမှတ်တမဲ့လှမ်းကြည့်လိုက်မိသည်...

သူ့ပုံစံလေးပဲလားမသိ ပုဆိုးကိုစလွယ်သိုင်းလို့ ကလေးတွေနဲ့ကစားနေတာ...နှုတ်ခမ်းတထော်ထော်နဲ့ ကလေးနဲ့အပြိုင်ငြင်းခုံနေပုံက တည်နေတဲ့မျက်နှာချောချောကို ရယ်မြူးရိပ်သန်းသွားစေသည်...

"ငြိမ် ..ငြိမ်ဦး..မင်း!"

"...!"

"ပြုံးလိုက်တာလား ဝါးးးး တကယ်ကြီး.."

လိုတာထက်ပိုလုပ်ပြနေတဲ့မိုးသားက တကယ်ပဲ ငြိမ်ဦးနဲ့ပေါင်းလာတဲ့နှစ်တွေအတွင်းမှာ ငြိမ်ဦးပြုံးတာရီတာမြင်ဖူးတာ လက်ချိုးရေလို့တောင် လက်တစ်ဖက်မပြည့်ဖူး...

တစ်နှစ်မှာတစ်ခါတောင်ပြုံးခဲတဲ့ ရေခဲတုံးလိုလူက ပြုံးလိုက်တယ်ဆိုရုံလေး..နှစ်အတော်ကြာပေါင်းလာတဲ့သူငယ်ချင်းမို့ မျက်နှာကြည့်တာနဲ့ဘာဖြစ်နေလဲမိုးသားကသိနေပြီ...

ခုတောင်ကလေးတွေကစားနေတဲ့ဘက်ကိုကြည့်နေရင်း နက်မှောင်နေတဲ့မျက်ခုံးထူထူတွေအောက်က မျက်လုံးနက်နက်တွေလက်ကနဲဖြစ်သွားတာကို သူမြင်လိုက်ရတာ...

ခံစားချက်တွေကို တစ်ယောက်တည်းပဲ မျိုသိပ်ထားတတ်တဲ့ ငြိမ်ဦးဆီမှာ ပထမဆုံးအနေနဲ့ လူတစ်ယောက်ကြောင့် ခံစားမှုတွေကိုတုံ့ပြန်တတ်နေပြီ..

သူသိတယ် ဒီရွာကိုရောက်လာပြီးမှ ငြိမ်ဦးဆီမှာတစ်ခါမှမတွေ့ဖူးခဲ့တဲ့ စိတ်လက်ပေါ့ပါးမှုမျိုးတွေ့နေရတာ...

ဒဏ်ရာတွေအပြည့်နဲ့ သူ့သူငယ်ချင်းဆီမှာ ပျော်ရွှင်စရာတွေယူဆောင်လာပေးမဲ့ လေပြေလေညှင်းလေးစတင်တိုက်ခတ်နေပြီဖြစ်သည်...။

"ဝလုံးလေး"Where stories live. Discover now