ဇာတ်လမ်းအကျဉ်းချုပ်

17.8K 762 5
                                    

အကျဉ်းချုပ်ဖော်ပြချက်



ချင်ရှီးသည် ကလေးတစ်ဦးကို ကယ်တင်ခဲ့ပြီးနောက် သေဆုံးသွားခဲ့ရသည်။ Systemသည် သူမအား ပြန်လည်မွေးဖွားခြင်းဆိုင်ရာ ရွေးချယ်မှုသုံးခုကို ပေးခဲ့သည်။

(၁) အခြားမိသားစု၏ချွေးမအဖြစ် ၆၀ခုနှစ်များသို့ကူးပြောင်းခြင်း။
(၂) ကျေးလက်တွင် ပညာတတ်လူငယ်အဖြစ် ၇၀ခုနှစ်များသို့ ကူးပြောင်းခြင်း။
(၃) ကလေးသုံးယောက်၏ မိထွေးအဖြစ် ၈၀ခုနှစ်သို့ကူးပြောင်းခြင်း။

ချင်ရှီးသည် ရွေးချယ်စရာ နံပတ် (၃) ကို ပြတ်ပြတ်သားသား ရွေးချယ်ခဲ့သည်။ သူမသည် ၆၀ခုနှစ်များနှင့် ၇၀ခုနှစ်များ၏ အခက်အခဲများကို အမှန်တကယ် မခံစားနိုင်ပါချေ။

အောင်သွယ်တော်ချိန်းတွေ့ချိန်မှာတော့ လုကျဲ့ထျန်းက အလေးအနက်ထားပြီးပြော၏။
"ငါမင်းကို မလိုချင်ဘူး။ ငါမင်းကို ဆွဲမချချင်ဘူး"

ချင်ရှီး : "နားလည်ပါတယ်"

ထိုစကားကြောင့် လုကျဲ့ထျန်း စိတ်သက်သာရာမရသေးခင် တစ်ဖက်လူပြောသောစကားကို ဆက်ကြားလိုက်ရသည်။

“ကလေးကို ပြုစုစောင့်ရှောက်ဖို့ တစ်ယောက်ယောက်လိုတယ်မလား။ နင် ငါ့ကို အဲ့ဒီနေရာကနေ ခေါ်ထုတ်ပေးပါ။ ငါတို့ သဘောတူညီချက်စာချုပ်နဲ့ လက်ထပ်လို့ရတယ်”

"ကျွန်မရဲ့တာဝန်က ကလေးသုံးယောက်ကို ကြီးပြင်းလာစေဖို့၊ အစားအသောက်ကို ဂရုစိုက်ပေးဖို့၊ သူတို့ဘဝကို ဂရုစိုက်ပေးဖို့၊ လိုအပ်ရင် အပြင်မှာ ချစ်ရတဲ့ ဇနီးမောင်နှံတွေလိုဟန်ဆောင်ဖို့ဘဲ။ ပြီးတော့ နင့်မိသားစုရဲ့ ကုန်ကျစရိတ်နဲ့ ငါ့လစာအားလုံးအတွက် နင်ကဘဲပေးရလိမ့်မယ်။ ငွေသုံးစွဲမှုကတော့ အတုမလုပ်ကြောင်း(ငွေအလွဲသုံးစားမလုပ်ကြောင်း) သေချာစေဖို့ ငွေစုစာအုပ်ကို နင့်ကို ပေးပါ့မယ်"

လုကျဲ့ထျန်း : "...?"

လုမိသားစုမှ ကလေးသုံးယောက်သည် မိထွေးကို ခေါ်ဆောင်လာမည်ဆိုပါက အစားအစာနှင့် အဝတ်အစား လုံလုံလောက်လောက် မရရှိနိုင်တော့မှာ၊ သို့မဟုတ် အနိုင်ကျင့်ခံရမှာကို စိုးရိမ်နေကြသည်။

သူတို့သည် မိမိတို့အား အနိုင်ကျင့်ရန် မလွယ်ကူကြောင်း မိထွေးအား ပြသရန် စိတ်ပိုင်းဖြတ်ထားကြသည်။

သို့ရာတွင် မိထွေးသည် သူတို့အိမ်တံခါးဝသို့ ဝင်လိုက်သည်နှင့် သူတို့ရှေ့တွင် လေးလေးနက်နက် ဂါရဝပြုလာ၏။

"မင်္ဂလာပါ၊ ငါ့နာမည်က ချင်ရှီးပါ။ အနာဂတ်မှာ မင်းတို့ရဲ့နေ့စဉ်ဘဝကို ငါကဂရုစိုက်ပါမယ်။ တရားမျှတစွာနှင့် ပွင့်လင်းမြင်သာစွာ ဆက်ဆံပါ့မယ်လို့ကတိပြုပါတယ်။ မင်းတို့‌တွေ ငါနဲ့ ပူးပေါင်းဆောင်ရွက်မယ်လို့ မျှော်လင့်ပြီး ငါတို့အတူတကွ ကောင်းကောင်းနေထိုင်နိုင်မယ်လို့လည်းမျှော်လင့်ပါတယ်”

လုမိသားစု၏ကလေး (၃) ယောက် : .....


80ခုနှစ်၌ မိထွေးဖြစ်လာခြင်း (Complete ✅)Место, где живут истории. Откройте их для себя